PayPal offered to acquire Pinterest with $45 billion

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

2.11.2021 | PayPal မှ ကန်ဒေါ်လာ ၄၅ ဘီလျံဖြင့် Pinterest အား ဝယ်ယူမှုပြုလုပ်ရန် ကမ်းလှမ်းခဲ့

PayPal မှ အောက်တိုဘာလ ၂၀ ရက်နေ့တွင် Pinterest အားဝယ်ယူရန်အတွက် နောက်ဆုံးအဆင့် ဆွေးနွေးမှုများကို ပြုလုပ်ခဲ့ကြပြီး ကန်ဒေါ်လာ ၄၅ ဘီလျံ ဖြင့် offer ပေးခဲ့ကြောင်း Engadget မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။

ရုတ်တရက်ကြည့်လိုက်ရင်တော့ PayPal အနေနဲ့ Pinterest အပေါ် စိတ်ဝင်စားမှုရှိနေခြင်းဟာ သက်ဆိုင်မှုမရှိသလို ဖြစ်နေမှာဖြစ်သော်လည်း ကုမ္ပဏီအနေနဲ့ Pinterest ကို ဝယ်ယူလိုက်ခြင်းအားဖြင့် ၎င်းဟာ တိုးတက်လျှက်ရှိနေတဲ့ social commerce နယ်ပယ်တွင် ၂၀၁၅ ခုနှစ်ခန့်ကတည်းက active ဖြစ်နေခဲ့တဲ့အတွက် PayPal ကို အဆိုပါနယ်ပယ်အတွင်း အခြေချနိုင်ဖို့ အထောက်အကူဖြစ်စေနိုင်ပါတယ်။

PayPal ဟာ လွန်ခဲ့တဲ့ ၁နှစ် ၆ လခန့်ကတည်းကစတင်၍ ၎င်းတို့ရဲ့ သမားရိုးကျလုပ်ငန်းနယ်ပယ်ပြင်ပသို့ ချဲ့ထွင်မှုများကို ပြုလုပ်လျှက်ရှိနေပါတယ်။ ဥပမာအားဖြင့် မကြာသေးမှီကလည်း ၎င်းတို့ဟာ buy-now-pay-later space တစ်ခုကို ကန်ဒေါ်လာ ၂.၇ ဘီလျံဖြင့် ဝယ်ယူခဲ့သလို cryptocurrency trading နယ်ပယ်တွင်လည်း ကြီးမားစွာ ရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်ခဲ့ပါသေးတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။