Google cuts Play Store fees for subscriptions and music streaming apps

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

31.10.2021 | Google မှ subscription များနှင့် music streaming app များအတွက် Play Store fees များကို လျှော့ချပေးခဲ့

Google မှ developer များအတွက် Play Store service fee များကို ထပ်မံလျှော့ချပေးလိုက်ပါတယ်။ ကုမ္ပဏီအနေနဲ့ လက်ရှိတွင် ပထမ ၁၂ လအတွင်း ပြန်လည်၍ subscription ပြုလုပ်မှုတိုင်းအတွက် ၃၀ ရာခိုင်နှုန်းကို ကော်မရှင်ခအဖြစ်ကောက်ယူလျှက်ရှိနေပြီး ၎င်းကို ပထမ ၁ နှစ်တာကာလကျော်လွန်ပြီးနောက် တွင်မှ ၁၅ ရာခိုင်နှုန်းသို့ လျှော့ချကောက်ခံလျှက်ရှိပါတယ်။

ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍ Google မှ ဝန်ဆောင်မှုနှုန်းထားများကို ပထမလမှစတင်၍ ၁၅ ရာခိုင်နှုန်းသို့ လျှော့ချကောက်ခံသွားတော့မှာဖြစ်ပါတယ်။ Google ရဲ့ ပြောကြားချက်အရ “Customer များရဲ့ ပြန်လည်ဝယ်ယူအသုံးပြုမှုနှုန်းဟာ လျော့ကျလာပြီး subscription လုပ်ငန်းများအနေနဲ့ အမြတ်အစွန်းရရှိဖို့ ခက်ခဲလာတယ်လို့ developer များက ပြောကြားလာကြတဲ့အတွက် နှုန်းထားများကို လျှော့ချပေးခဲ့တာဖြစ်တယ်လို့” သိရှိရပါတယ်။

အခြားသောနယ်ပယ်များတွင်လည်း music streaming app များနဲ့ e-book များအတွက် ဝန်ဆောင်ခများကို ၁၀ ရာခိုင်နှုန်းအထိ Google မှ လျှော့ချပေးခဲ့ပါတယ်။ “ဒီနှုန်းထားအသစ်များဟာ လုပ်ငန်းနယ်ပယ်အတွင်းရှိ စီးပွားရေးအခြေအနေများကို အသိအမှတ်ပြုတဲ့အတွက်လျှော့ချပေးခဲ့တာဖြစ်ပြီး Google Play အနေနဲ့လည်း ကျွန်ုပ်တို့ကိုယ်စားပြုနေတဲ့ developer များ၊ အနုပညာရှင်အသိုင်းအဝိုင်းများ၊ ဂီတပညာရှင်များနဲ့ စာရေးဆရာများအတွက် ပိုမို၍ကြိုးစားသွားပါဦးမယ်” ဟူ၍ Android နှင့် Google Play အတွက် vice president of product management အဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိသော Sameer Samat မှ blog post တစ်ခုပေါ်တွင် ရေးသားထားခဲ့ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။