AMD’s new Zen 3 Ryzen desktop CPUs arrived on November 5

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

12.11.2020 | AMD ရဲ့ Zen 3 Ryzen desktop CPU များ နိုဝင်ဘာ ၅ရက်နေ့တွင် ထွက်ရှိခဲ့ 

နိုဝင်ဘာ ၅ရက်နေ့တွင်ကျင်းပခဲ့သော AMD Gaming Event 2020 တွင် Team Red မှ သူတို့ရဲ့ Zen 3 powered Ryzen 5xxx စီးရီး CPU များအကြောင်းကို ထုတ်ပြန်ကြေငြာချက်များ ပြုလုပ်ခဲ့ပါတယ်။ ထိုအရာက သူတို့ရဲ့ အတွင်းစည်းစမ်းသပ်မှုရလာဒ်အချို့ကို ထုတ်ဖော်ပြောကြားခဲ့တဲ့ နာရီဝက်သာကြာမြင့်သော ပွဲတစ်ခုမျှသာ ဖြစ်ပါတယ်။ 

အဆိုပါပွဲအတွင်းတွင် Zen 3 ဟာ unified 8-core complex ကိုအသုံးပြုထားပြီး cluster အတွင်းရှိ core တစ်ခုစီတိုင်းဟာ L3 cache သို့ တိုက်ရိုက်ဝင်ရောက်နိုင်စွမ်းရှိသော နည်းပညာအသစ်တစ်ခုကို ထုတ်ပြန်ကြေငြာ ခဲ့ပါတယ်။ AMD ရဲ့ CTO ဖြစ်သူ Mark Papermaster မှလည်း အဆိုပါ တည်ဆောက်ပုံအသစ်ဟာ Zen 2 နှင့် နှိုင်းယှဉ်လိုက်ပါက instructions per clock cycle (IPC) ဟာ  19% တိုးမြှင့်ရရှိနိုင်မှာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ 

AMD မှ ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုများအရမှာတော့ အဆိုပါ CPU အသစ်ဟာ performance, power efficiency, IPC နှင့် single-threaded performance တို့တွင် လက်ရှိဈေးကွက်ရှေ့ဆုံးတွင်ရပ်တည်နေသော AMD နဲ့ Intel တို့ရဲ့ desktop processor များထက် သာလွန်ကောင်းမွန်မှုရှိတယ်ဆိုတာကိုလည်း ပြောကြားသွားခဲ့ပါသေးတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။