Acer announced new laptops and tablets with antimicrobial technology

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

25.10.2021 | ဘက်တီးရီးယားများကို တိုက်ဖျက်နိုင်သည့်နည်းပညာထည့်သွင်းထားသော laptop နှင့် tablet အသစ်များကို Acer မှ ကြေငြာခဲ့ 

Acer ရဲ့ “antimicrobial” laptop များထွက်ရှိခဲ့တာ နှစ်အနည်းငယ်ခန့်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ယခုအခါတွင် COVID-19 ကပ်ရောဂါဖြစ်ပွားမှုနှုန်းများကြောင့် ပိုမို၍ သန့်ရှင်းစင်ကြယ်မှုရှိစေရေးကို ဦးစားပေးမှုနှင့် စိတ်ဝင်စားမှုများ မြင့်တက်လာခဲ့ပါတယ်။ 

အောက်တိုဘာလ ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့တဲ့ next@Acer event တွင် Acer မှ ဘက်တီးရီးယားများကို တိုက်ဖျက်နိုင်သည့် နည်းပညာထည့်သွင်းထားသည့် laptop, two-in-one laptop နှင့် tablet အသစ်များကို ကြေငြာခဲ့ပါတယ်။ အဆိုပါ Antimicrobial နည်းပညာဟာ ရောဂါပိုးမွှားများကို Silver ion နည်းပညာနဲ့ Antimicrobial Corning Gorilla Glass တို့ကို အသုံးပြု၍ နည်းလမ်း (၂) မျိုးဖြင့် တိုက်ဖျက်ပေးနိုင်မှာဖြစ်ပါတယ်။ 

Silver ion (Ag) များဟာ ဘက်တီးရီးယားများနှင့် ထိတွေ့မှုရှိသည့်အခါ ၎င်းတို့ရဲ့ ကြီးထွားမှုနှုန်းကို သိသိသာသာကိုလျှော့ချပေးနိုင်စွမ်းရှိကြတဲ့အတွက် ပထမနည်းလမ်းအရ Silver ion (Ag) များကို device ရဲ့ နေရာအစုံတွင် apply လုပ်ထားပြီး ကိုယ်ထည်၊ ကီးဘုတ်၊ Display၊ Touchpad၊ Fingerprint Reader နဲ့ အစရှိတဲ့ နေရာတိုင်းနီးပါးခန့်တွင် သုတ်လိမ်းထားမှာပါတယ်။ ဒုတိယနည်းလမ်းအရ ၎င်းတို့ရဲ့ device များတွင် အသုံးပြုထားတဲ့ အထူးပြုလုပ်ထားသော Corning Gorilla Glass တွင်လည်း Silver ion (Ag) များဖြင့် coating ပြုလုပ်ထားသည့်အတွက် လူ့ခန္ဓာကိုယ်အတွက် အကျိုးမဖြစ်စေတဲ့ ဘက်တီးရီးယားများရန်မှ အကာအကွယ်ပေးနိုင်မှာဖြစ်တယ်လို့ သိရှိရပါတယ်။  

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။