Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
Zoom ဟာ သူတို့ရဲ့ အလိုအလျှောက် Live ဘာသာပြန်/ စာတမ်းထိုးစနစ်နှင့် whiteboard feature ဆိုတဲ့ လုပ်ဆောင်ချက်အသစ်ကို တိုးချဲ့မှုများပြုလုပ်၍ အပြည့်အဝ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်များကို ရရှိနိုင်ရန်အတွက် ပြုလုပ်သွားရန်ရှိကြောင်းနှင့် Zoom နဲ့ ပတ်သက်တဲ့ အခြားသောပြောင်းလဲမှုများကို စက်တင်ဘာ ၁၃ ရက်နေ့ကပြုလုပ်ခဲ့တဲ့ Zoomtopia ပွဲတွင် ကြေငြာမှုပြုလုပ်သွားခဲ့ပါတယ်။
၎င်းကြေငြာချက်အရ - အင်္ဂလိပ်ဘာသာဖြင့် အလိုအလျှောက်ဘာသာပြန်/ စာတန်းထိုးပေးမည့် real-time transcription လုပ်ဆောင်ချက်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် Free account များသို့ ထည့်သွင်းပေးခဲ့ပြီး ယခုအခါ အဆိုပါလုပ်ဆောင်ချက်အတွက် နောက်ထပ် ဘာသာစကားပေါင်း ၃၀ ကျော်ကို လာမည့်နှစ်အတွင်း ထည့်သွင်းပေးသွားတော့မှာဖြစ်တယ်လို့ သိရှိရပါတယ်။
ဒါ့အပြင် Zoom မှ Paid account များအတွက် real-time translation အား ဘာသာစကား ၁၂ မျိုးဖြင့် လာမည့်နှစ်မကုန်မှီ ဝန်ဆောင်မှုပေးသွားရန်လည်း စီစဉ်နေပြီဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ မည်သည့်ဘာသာစကားများကို စတင်၍ရရှိနိုင်မလဲဆိုတာကို ထုတ်ဖော်ပြောကြားခြင်းမရှိသေးတဲ့အတွက် မသိရှိရသေးပါဘူး။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။