YouTube reveals plans to launch “Shorts” to all users in America

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

14.5.2021 | YouTube မှ “Shorts” ကို အမေရိကရှိ user များအားလုံးသို့ ထုတ်လွှင့်ပေးရန်အစီအစဉ်အား ထုတ်ဖော်ပြောကြားခဲ့

YouTube မှ TikTok နှင့်ပုံစံတူ short video အတိုများကို ကြည့်ရှုနိုင်မည့် option ကို အမေရိကရှိ user အချို့သို့ March လတွင် update ပြုလုပ်ပေးခဲ့ပြီးနောက် ယခုအခါတွင် “Shorts” ကို ပိုမိုကျယ်ပြန့်သော tool များနှင့်အတူ လာမည့်အပတ်တွင် အမေရိကရှိ user များအားလုံးသို့ တိုးချဲ့ခွင့်ပြုပေးသွားတော့မှာဖြစ်ကြောင်း Socialmediatoday မှ သတင်းတစ်ပုဒ်အရ သိရှိခဲ့ရပါတယ်။

“လာမည့်အပတ်အတွင်း အမေရိကရှိ video ဖန်တီးသူများအားလုံးဟာ Shorts camera သို့ access ရရှိနိုင်တော့မှာဖြစ်ပါတယ်။” ဒီအရာက YouTube အသုံးပြုသူများအတွက် အခွင့်အလမ်းအသစ်များကို ဖွင့်လှစ်ပေးနိုင်မှာဖြစ်သလို Shorts အပေါ် စိတ်ဝင်စားမှုလည်းမြင့်တက်လာမှာဖြစ်ပြီး YouTube အပေါ် ပိုမို၍ စိတ်ဝင်စားလာကြနိုင်ပါတယ် ဟူ၍ YouTube မှ ပြောကြားသွားခဲ့ပါတယ်။

Snapchat ရဲ့ Spotlight နှင့် Instagram ရဲ့ Reels တို့နှင့်အတူ Shorts ဟာ ယခုအချိန်အထိမှာတော့ YouTube အတွက် အောင်မြင်မှုများကို ယူဆောင်လာပေးနိုင်မယ့်အရာတစ်ခုဖြစ်နေဆဲဖြစ်ပြီး အထူးသဖြင့် ဇွန်လကတည်းက TikTok အသုံးပြုခွင့် ပိတ်ပင်ထားခံရသည့် အိန္ဒိယကဲ့သို့သောနိုင်ငံများရှိ အသုံးပြုသူများအကြားတွင် ကောင်းမွန်သော အစားထိုးအသုံးပြုစရာတစ်ခုဖြစ်လာနိုင်ခြေရှိနေပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။