YouTube is rolling out new restricted accounts with parental supervision for teens and tweens

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

28.2.2021 | ဆယ်ကျော်သက်များနှင့် လူငယ်ပိုင်းများအတွက် မိဘများရဲ့စောင့်ကြည့်မှုအောက်တွင် ကန့်သတ်ထိန်းချုပ်ထားနိုင်သောအကောင့်များကို YouTube မှ ထုတ်လွှင့်ပေးခဲ့ 

ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် YouTube ဟာ ဆယ်ကျော်သက်များနဲ့ အသက် ၂၀ ဝန်းကျင် လူငယ်များအနေနဲ့ သူတို့ရဲ့ video streaming ဝန်ဆောင်မှုများကို သူတို့မိဘများချမှတ်ထားတဲ့ စည်းကမ်းဘောင်သတ်မှတ်ချက်များ အောက်မှသာ ကြည့်ရှုနိုင်ရန်ပြုလုပ်ပေးနိုင်မည့် အကောင့်အသစ်များကို ထုတ်လွှင့်ပေးသွားမည်ဟု ပြောကြားခဲ့ပါတယ်။ အဆိုပါ အကောင့်များရဲ့ early version ကို လာမည့်လများအတွင်း ရရှိနိုင်တော့မှာဖြစ်ပြီး ထိုအရာက မိဘများအနေနဲ့ သူတို့ရဲ့ Google account များကို အသုံးပြုပြီး သူတို့ရဲ့ကလေးငယ်များအား YouTube ပေးကြည့်ရာတွင် customize ပြုလုပ်၍ရနိုင်တဲ့ ကန့်သတ်ချက်အချို့ကို ထားရှိ၍ရစေနိုင်မှာဖြစ်ပါတယ်။ 

ထိုအရာက သူတို့ရဲ့ video sharing platform ပေါ်ရှိ ထိခိုက်ဒါဏ်ရာရစေနိုင်သော content များနဲ့ အခြားသော မသင့်လျှော်သည့် content များကို ကလေးငယ်များအနေနဲ့ ကြည့်ရှုမိခြင်းမှ ကာကွယ်ပေးနိုင်ရန်ဖြစ်ပြီး ကလေးငယ်များနဲ့ မိသားစုဆိုင်ရာ ထုတ်ကုန်စီမံခန့်ခွဲရေးဒါရိုက်တာတစ်ဦးအဖြစ် YouTube တွင် တာဝန်ထမ်းဆောင်နေသော Mr James Beser မှ “ကျွန်ုပ်တို့ဟာ မိဘများအတွက် ရွေးချယ်မှုတစ်ရပ်အနေနဲ့ သူတို့ရဲ့ ဆယ်ကျော်သက်ကလေးများနဲ့ အသက် ၂၀ ဝန်းကျင်လူငယ်များအား YouTube ကို ပေးကြည့်ဖို့ အဆင်သင့်ဖြစ်ပြီဆိုပါက မိဘများရဲ့ ကြီးကြပ်မှုအောက်တွင်ရှိသောအကောင့်များနဲ့ အသုံးပြုစေနိုင်ပြီဖြစ်ကြောင်းကို ကြေငြာပေးလိုပါတယ်။” ဟူ၍ ပြောကြားသွားခဲ့ပါတယ်။ 

Parental control setting အတွင်းရှိ explore option တွင် အသက် ၉ နှစ်နှင့်အထက် ကလေးများအတွက် သင့်တော်သော tutorial များ၊ gaming video များ၊ တေးသီချင်းများ၊ သတင်းများနဲ့ အသိပညာပေး content များပါဝင်မှာဖြစ်ပါတယ်။” “ဒုတိယ setting ကတော့ အသက် ၁၃ နှစ်နှင့်အထက် လူငယ်များအတွက် သင့်တော်မည်ဟုယူဆရသော content များပါဝင်လာမည်ဖြစ်ကာ ထိုအရာများတွင် live stream များလည်း ပါဝင်လာမှာဖြစ်ပါတယ်။” 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။