YouTube bans dangerous or emotionally distressing pranks from their platform

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

22.2.2021 | YouTube မှ အန္တရာယ်များပြီး စိတ်ထိခိုက်မှုရစေသော နောက်ပြောင်မှုများကို Video ရိုက်တင်ခြင်းအား သူတို့၏ platform ပေါ်တွင် တားမြစ် 

YouTube မှ အန္တရာယ်များပြီး (သို့) စိတ်ထိခိုက်မှုရစေသော နောက်ပြောင်မှုများကို သူတို့ရဲ့ platform ပေါ်မှ ban သွားမှာဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်လိုက်ပြီပဲဖြစ်ပါတယ်။ ဒီကဲ့သို့ တားမြစ်လိုက်ရခြင်းမှာ အဆိုပါ “Challenge” ဟုအမည်တပ်ထားသော အရာများကြောင့် တစ်ခါတစ်ရံ သေဆုံးမှုများ (သို့) ထိခိုက်ဒဏ်ရာရမှုများအထိ ဖြစ်ပွားစေခဲ့သောကြောင့်ဖြစ်ကာ ထိုကဲ့သို့သော video များအတွက် YouTube ပေါ်တွင် နေရာမရှိကြောင်း ပြောဆိုသွားခဲ့ပါတယ်။ 

YouTube site ပေါ်ရှိ FAQ section တွင်တော့ - “YouTube ဟာ များစွာသော ရေပန်းစားတဲ့ Challenge များနဲ့ Prank (နောက်ပြောင်၊ စနောက်မှု) များစုဝေးရာနေရာတစ်ခုဖြစ်ပါတယ်။” “သို့ပေမယ့် ကျွန်ုပ်တို့ဟာ နောက်ပြောင်ခြင်းနဲ့ ရယ်မောစရာဖြစ်စေရန် စနောက်ခြင်းတို့ဟာ ထိခိုက်နာကြဉ်ရခြင်း (သို့) အန္တရာယ်ဖြစ်ခြင်းတို့ အဖြစ်သို့ ကူးပြောင်းမသွားစေရန်အတွက် ပေါ်လစီစည်းမျဉ်းများကို ချမှတ်ထားပြီးဖြစ်ပါတယ်။” 

“ကျွန်ုပ်တို့ရဲ့ Community Guideline လမ်းညွှန်ချက်များအရ ထိုကဲ့သို့ အန္တရာယ်များပြီး အပြင်းအထန်ဒါဏ်ရာရနိုင်တဲ့ ပြုမူလုပ်ဆောင်ချက်များကို တားမြစ်ထားပြီး ယနေ့မှာအဆိုပါ အန္တရာယ်များတဲ့ Challenge များနဲ့ နောက်ပြောင်စနောက်မှုများဆိုတာ ဘာကိုဆိုလိုသလဲဆိုတာကို အသေးစိတ်ထပ်မံ ရှင်းပြသွားမှာ ဖြစ်ပါတယ်။” ဒီနေ့မှစတင်၍ ကျွန်ုပ်တို့ရဲ့ site ပေါ်တွင် “အန္တရာယ်ရှိနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ အပြင်းအထန်ထိခိုက်မှုရစေနိုင်တဲ့ နောက်ပြောင်၊ စနောက်မှုများကို ခွင့်ပြုသွားမှာမဟုတ်ပါဘူး။” ဟူ၍ ရေးသားထားခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။