YouTube announced updates for their YouTube Music app

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

18.10.2020 | YouTube က သူတို့ရဲ့ YouTube Music အတွက် update အသစ်ကို ကြေငြာပေးခဲ့

The Verge သတင်းစာရဲ့အဆိုအရ ပြီးခဲ့တဲ့တင်္နလာနေ့တွင် YouTube က သူတို့ရဲ့ YouTube Music TV app အတွက် Android TV OS ကိုအသုံးပြုရတဲ့ TV များနဲ့ Chromecast အသစ်ကို အသုံးပြုထားတဲ့ Google TV အပါအဝင် TV များအားလုံးအတွက် update အချို့ကိုပြုလုပ်ပေးသွားမယ်လို့ ကြေငြာခဲ့ပါတယ်။

Smart TV များအားလုံးအတွက် YouTube Music အသုံးပြုသူများအနေနဲ့ ထို update အပြီးတွင် မိမိတို့ save ထားတဲ့ playlist များနဲ့ like ပြုလုပ်ထားတဲ့ တေးသီချင်းများကို သက်ဆိုင်ရာ library များအတွင်းတွင် ဝင်ရောက်နားဆင်နိုင်တော့မှာဖြစ်တယ်လို့ YouTube က blogpost တစ်ခုတွင် ရေးသားထားခဲ့ပါတယ်။ ဒီ option များကို YouTube TV app ပေါ်ရှိ Music Tab တွင်တွေ့ရှိရမှာဖြစ်ပါတယ်။ အဆိုပါ update တွင် album များနဲ့ playlist artwork များကိုပြသရန်အတွက် visual အသစ်များလည်း ပါဝင်လာမှာဖြစ်ပါတယ်။

ကုမ္ပဏီမှ ရေးသားထားတဲ့ blog post တစ်ခုအရ “ကျွန်ုပ်တို့ဟာ YouTube Music ပေါ်သို့ လုပ်ဆောင်ချက်အသစ်များထည့်သွင်းနိုင်စေရန်အတွက် ကြိုးပမ်း၍လုပ်ဆောင်လျှက်ရှိနေပါတယ်။” “လာမည့် လများအတွင်း YouTube Premium ကို အသုံးပြုသူများအနေနဲ့ app အတွင်းမှ ထွက်လိုက်ပြီးရင်တောင်မှ သီချင်းများကို background ပေါ်တွင် ဆက်လက်၍ နားဆင်နိုင်တော့မှာဖြစ်ပါတယ်။” ဟူ၍ ပြောကြားသွားခဲ့ပါတယ်။

အဆိုပါ blog အရ Android TV OS အသုံးပြုသူများအနေနဲ့ တေးသီချင်း upload များကို သူတို့ရဲ့ library ကနေ တဆင့်ဝင်ရောက်နိုင်စေမှာဖြစ်ပြီး အရေးပါတဲ့ အချက်အလက်များဖြစ်တဲ့ အနုပညာရှင်၏အမည်၊ သီချင်းဖွင့်ထားစဉ်က ဘယ်အထိရောက်နေပြီလဲဆိုတာကို ပြသပေးသော (progress bar display) အစရှိသည်တို့ကိုဖော်ပြပေးနိုင်မယ့် playback interface အသစ်တစ်ခုကိုလည်း ဒီဇိုင်းရေးဆွဲပေးထားပါသေးတယ်။ လူများအနေနဲ့လည်း YouTube Music row ကိုအသုံးပြုပြီး အင်တာနက်အသုံးပြုရာတွင် ပိုမိုလွယ်ကူစွာ အသုံးပြုနိုင်တော့မှာဖြစ်တယ်လို့ သိရှိခဲ့ရပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။