You can now confirm payments via Google Pay by voice

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

8.6.2020 | ယခုအခါတွင် Google Play ပေါ်တွင် ငွေပေးခြေမှုများကို အသံဖြင့် အမိန့်ပေးကာ အတည်ပြုနိုင်ပြီ ဖြစ်ပါတယ်

Google Now ဟာ အသုံးပြုသူ user များကို များစွာသော သက်တောင့်သက်သာရှိစေမည့် လုပ်ဆောင်ချက်များနဲ့ မိတ်ဆက်ပေးလျက်ရှိနေပါတယ်။ ထို့အပြင် လအနည်းငယ်အကြာက အွန်လိုင်းပေါ်မှ ငွေပေးခြေမှုများကို အသံဖြင့်အတည်ပြုနိုင်မည့် အလားအလာတစ်ခုကိုလည်း ထပ်မံပြုလုပ်နေတယ်လို့သိရှိရပါတယ်။ 

Google ရဲ့ smart assistant အကူအညီနဲ့ သင့်ရဲ့ နည်းပညာမြင့်အိမ် (Smart Home) ကို လွယ်ကူစွာထိန်းချုပ်နိုင်ခြင်း၊ သီချင်းဖွင့်ခြင်း (သို့) အင်တာနက်ပေါ်ရှိသတင်းအချက်အလက်များကို အသံဖြင့်အမိန့်ပေးကာရှာဖွေနိုင်ခြင်းတို့အပြင် ပစ္စည်းများမှာယူခြင်း၊ ပေးဆောင်ရမည့်ဘေလ်များကို ပေးဆောင်ခြင်းတို့ပြုလုပ်သည့်အခါတွင်လည်း Google Assistant မှ တစ်ဆင့် အသံဖြင့်အမိန့်ပေးကာ အတည်ပြုနိုင်မည့် လုပ်ဆောင်ချက်အသစ်ဟာ ၎င်းလုပ်ငန်းစဉ် ကို ပိုမိုလွယ်ကူမြန်ဆန်စေမှာဖြစ်တဲ့အတွက် သင့်အနေနဲ့နှစ်သက်မှုရှိမှာပါ။ အခြေခံ ငွေပေးခြေမှု function များဟာ ကျွန်ုပ်တို့ရဲ့နိုင်ငံမှာအသုံးပြုလို့မရသေးတဲ့အတွက်၊ ဒီတီထွင်မှုအသစ်ကို မြန်မာနိုင်ငံတွင်ရရှိဖို့ကိုတော့ ကျွန်တော်တို့အနေနဲ့စောင့်ဆိုင်းရဦးမှာဖြစ်သော်လည်း ထိုအရာကို မြန်မြန်ဆန်ဆန်ရရှိအသုံးပြုလာနိုင်ဖို့ကိုတော့ မျှော်လင့်ပါတယ်။ အကယ်၍ သင်ဟာ voice confirmation လုပ်ဆောင်ချက်ရရှိနိုင်တဲ့နိုင်ငံမှာနေထိုင်သူတစ်ဦးဆိုပါက basic Google app setting များတွင် ထိုအရာကို သင်တွေ့ရှိနိုင်မှာဖြစ်ပြီး Google Now ရဲ့ Payment section တွင် ထိုလုပ်ဆောင်ချက်ကို ဖွင့်ခြင်း၊ ပိတ်ခြင်းတို့ကိုပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ထို့နောက် စားသောက်ဆိုင်အချို့နှင့် Google Play ပေါ်မှ app များကို ဝယ်ယူရာတွင် အသံဖြင့် အတည်ပြုမှုကိုလုပ်ဆောင်နိုင်တော့မှာဖြစ်ပြီး အနာဂါတ်တွင် ထိုသို့အသံဖြင့်အတည်ပြုကာ ငွေပေးခြေနိုင်မည့်နေရာများ ပိုမိုကာများပြားလာမှာပဲဖြစ်ပါတယ်။

(Unicode)



သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။