Xiaomi’s latest smartphone will feature Qualcomm Snapdragon 8 Gen 1 chipset and will be available soon.

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

3.12.2021 | Xiaomi ရဲ့ နောက်ဆုံးပေါ် smartphone တွင် Qualcomm Snapdragon 8 Gen 1 chipset ကို ထည့်သွင်းအသုံးပြုထားပြီး ၎င်းကို မကြာမှီအချိန်အတွင်းဝယ်ယူရရှိနိုင်တော့မည်ဟုဆို

Xiaomi 12 smartphone ဟာ မကြာမှီထွက်ရှိလာတော့မှာဖြစ်ပြီး Xiaomi ကုမ္ပဏီရဲ့ CEO မှ အတည်ပြုချက်တစ်ခုအရ အဆိုပါ smartphone တွင် Qualcomm Snapdragon 8 Gen 1 chipset ကို အသုံးပြုထားမှာဖြစ်တယ်လို့ သိရှိခဲ့ရပါတယ်။

Xiaomi ရဲ့ တည်ထောင်သူနှင့် CEO ဖြစ်သူ Lei Jun ဟာ Qualcomm မှ ပြုလုပ်ခဲ့တဲ့ Snapdragon Tech Summit 2021 event ရှိ video တစ်ခုတွင် ပါဝင်လာခဲ့ပြီး အဆိုပါ video တွင် မကြာမှီထွက်ရှိလာတော့မည့် ဖော်ပြပါ smartphone ရဲ့ အမည်နဲ့ chipset အသစ်ကို ထည့်သွင်းတည်ဆောက်သွားမှာဖြစ်တဲ့အကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အဆိုပါ smartphone ကို “မကြာမှီတွင် ဝယ်ယူရရှိနိုင်တော့မှာ” ဖြစ်တယ်လို့လည်း Jun က ပြောကြားသွားခဲ့ပါတယ်။ Jun က Xiaomi 12 ကို စတင်ရောင်းချသွားမည့် launch date ကို အတည်ပြုပြောကြားခဲ့ခြင်းမရှိသေးသော်လည်း မကြာသေးမှီက သတင်းရရှိထားတဲ့ leak များအရ Xiaomi ဟာ အဆိုပါ ဖုန်းအသစ်ကို တရုတ်နိုင်ငံတွင် ဒီဇင်ဘာလ ၁၆ ရက်နေ့မှစတင်၍ ရောင်းချသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။