Xbox bringing new gaming features to Microsoft Edge

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

20.6.2022 | Xbox မှ gaming feature အသစ်များကို Microsoft Edge တွင်ထည့်သွင်းပေးခဲ့ 

Xbox က Microsoft Edge ပေါ်တွင် cloud gaming integration ကို အထူးပြုပြီး ချိန်ညှိမှုများကို ပြုလုပ်နိုင်စေမယ့် feature အသစ်များကို မကြာမှီထည့်သွင်းပေးတော့မှာဖြစ်ကြောင်း ကြေငြာချက်တစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။ 

Micorosoft ဟာ Xbox Cloud Gaming ကို platform အတော်များများတွင် အသုံးပြု၍ရရှိနိုင်ပြီး ပိုမိုကောင်းမွန်မှုရှိလာစေရန်အတွက် အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်မှုများကိုပြုလုပ်နေပြီး ယခုအခါတွင် gaming ဘက်ကိုပိုမိုအသားပေးတဲ့ feature များကိုထည့်သွင်းပေးခြင်းအားဖြင့် browser များပေါ်ရှိ ၎င်းတို့ရဲ့ ဝန်ဆောင်မှုကို ပိုမိုကောင်းမွန်မှုရှိလာစေရန် လိုအပ်တဲ့အဆင့်များကို ပြုလုပ်လျှက်ရှိနေပြီဖြစ်ပါတယ်။ 

အချို့သော အသစ်ထပ်မံထည့်သွင်းမှုများတွင် Xbox Cloud Gaming library သို့ လွယ်ကူစွာဝင်ရောက်နိုင်ရန် personalized gaming homepage တစ်ခုပါဝင်မှာဖြစ်သလို game တစ်ခုကို ဖွင့်လိုက်သည့်အခါ browser ရဲ့ resource usage ကို လျှော့ချပေးနိုင်မည့် efficiency mode ကိုလည်း built-in အဖြစ် ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် Edge တွင် “Clarity Boost” လိုအမည်ပေးထားတဲ့ လုပ်ဆောင်ချက်တစ်ခုလည်း ပါဝင်လာမှာဖြစ်ပြီး ဒီအရာက cloud ပေါ်မှတဆင့် stream ပြုလုပ်၍ game များကိုဆော့ကစားရာတွင် ပိုမို၍တည်ငြိမ်မှုရှိလာစေမှာဖြစ်ပါတယ်။  

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။