World’s First 3D Printed Steel Bridge is Opened in Netherlands

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

30.7.2021 | ကမ္ဘာ့ပထမဆုံး 3D Print နည်းပညာဖြင့် တည်ဆောက်ထားသည့် စတီးတံတားတစ်ခုအား နယ်သာလန်နိုင်ငံတွင် ဖွင့်လှစ်ခဲ့ 

ကမ္ဘာ့ပထမဆုံး 3D Print နည်းပညာဖြင့် တည်ဆောက်ထားသည့် စတီးတံတားတစ်ခုအား နယ်သာလန်နိုင်ငံ၊ Amsterdam မြို့တွင် စတင်၍ဖွင့်လှစ်ခဲ့ကြောင်း Business Insider မှ သတင်းတစ်ပုဒ်အရ သိရှိခဲ့ရပါတယ်။ 

အဆိုပါတံတားကို Imperial College London မှ ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ Dutch နိုင်ငံအခြေစိုက် 3D Printing နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ MX3D ကတော့ စီမံခန့်ခွဲမှုများကို ပြုလုပ်ပေးခဲ့ပြီး အဆိုပါတံတားဟာ အကျယ်အားဖြင့် ၁၂ မီတာကျယ်၍ အလေးချိန်အားဖြင့် ၄.၉ တန်ခန့် လေးလံကြောင်း သိရှိရပါတယ်။ 

ဒါ့အပြင် ထိုတံတားကို တည်ဆောက်ရန်အတွက် စက်မှုလုပ်ငန်းသုံးစက်ရုပ်လက်တံ ၄ ခုဖြင့် ၆ လကြာအောင် printing ပြုလုပ်ခဲ့ရပြီး စတင်တည်ဆောက်မှုမပြုလုပ်မှီတွင် များစွာသောသုသေသနပညာရှင်များအနေနဲ့ သုသေသနပြုလုပ်မှုများကို လုပ်ဆောင်ရခြင်းကတော့ ၄ နှစ်ခန့်ကြာမြင့်ခဲ့ကြောင်းကိုလည်း အဆိုပါသတင်းတွင် ဖော်ပြထားခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။