With Nvidia's cloud streaming platform, Fortnite will be back to iOS

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

29.11.2020 | Nvidia ရဲ့ cloud streaming platform နဲ့အတူ iOS ပေါ်သို့ Fortnite ပြန်လည်ရောက်ရှိလာတော့မည်။ 

Phonearena.com ၏ သတင်းဆောင်းပါးတစ်ပုဒ်အရ - Fortnite ကစားသူ player များကို Developer ဖြစ်သူ Epic Games မှ အနည်းငယ် ငွေကုန်ကြေးကျသက်သာမှုရှိစေရန်အတွက် Apple ရဲ့ platform ပေါ်မှတဆင့် ငွေပေးချေခြင်းထက် သူတို့၏ကိုယ်ပိုင် platform ပေါ်မှတဆင့် payment များကို ပေးချေနိုင်စေရန်အတွက် လုပ်ဆောင်ခဲ့ရာတွင် Apple ရဲ့ app store ပေါ်မှ ဖယ်ရှားပစ်ခြင်းကို ခံခဲ့ရပါတယ်။ Epic မှ သဘောတူညီထားခဲ့တဲ့ Apple ရဲ့ စည်းမျဉ်းစည်းကမ်းများအရ သူတို့ရဲ့ 30% app store tax ကို မိမိတို့ကိုယ်ပိုင် payment system ကို အသုံးပြုစေပြီး bypass ပြုလုပ်တဲ့ developer များကို ထိုသို့ဖယ်ရှားနိုင်ခွင့်ရှိနေပါတယ်။ ယခုအခါတွင်တော့ Fortnite ကို App Store ပေါ်တွင် တွေ့မြင်ရတော့မှာ မဟုတ်သော်လည်း ၎င်းကို iOS ပေါ်တွင် Nvidia ရဲ့ အကူအညီဖြင့် ပြန်လည်၍ ဆော့ကစားနိုင်တော့မှာပဲဖြစ်ပါတယ်။ 

နိုဝင်ဘာလ ၁၉ ရက်နေ့တွင် Nvidia မှ ထုတ်ပြန်ခဲ့သော ကြေငြာချက်တစ်ရပ်အရ ကုမ္ပဏီရဲ့ cloud gaming system ဖြစ်သော GeForce NOW ဟာ Fortnite ရဲ့ touch version ကို iOS ပေါ်သို့ Safari မှ တဆင့် ပြန်လည်ဆောင်ကြဉ်းလာတော့မှာဖြစ်ပါတယ်။ Nividia ရဲ့ GeForce Now ပေါ်မှ ဂိမ်းများကို mobile device များပေါ်တွင် ဆော့ကစားရာ၌ gamepad များကို အသုံးပြု၍ဆော့ကစားခြင်းဟာ အကောင်းဆုံးဖြစ်သော်လည်း သူတို့ဟာ Epic Games နဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်ကာ “touch-friendly” ဖြစ်သော Fortnite version ကို တည်ဆောက်နေလျှက်ရှိနေပါတယ်။ သို့သော်လည်း ဒီဂိမ်းကို touch-friendly ဖြစ်နိုင်ဖို့အတွက် လုပ်ဆောင်နေရတဲ့အတွက် release date ဟာ နောက်ကျမှုများဖြစ်လာနိုင်ဖွယ်ရှိနေပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။