Wireless Router Positioning

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

21.8.2020 | ကြိုးမဲ့ Router တစ်ခုကိုနေရာချထားခြင်း 

သင့်ရဲ့ ကြိုးမဲ့ router တစ်ခုကိုထားသိုပုံဟာ သင့်နေအိမ်အတွင်းအင်တာနက်လိုင်းရရှိနိုင်တဲ့ဧရိယာနဲ့ သင့် signal ရဲ့ပြင်းအားတို့အပေါ်များစွာအကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။ 

သင့်ရဲ့ router ထံမှ အကောင်းဆုံးလိုင်းဆွဲအားကိုရရှိစေရန်အတွက် အောက်ပါ မြန်ဆန်စွာ လုပ်ဆောင်နိုင်မည့် နေရာချထားပုံအကြံပြုချက်များကို လိုက်နာလုပ်ဆောင်ကြည့်လိုက်ပါ - 

•    Router ကို အိမ်ရဲ့အလယ်တည့်တည့်တွင်နေရာချထားပါ။ အကယ်၍သင့်ရဲ့ router ကို အိမ်ရဲ့ ဘေးဘက်တွင်ရှိတဲ့အခန်းတစ်ခုအတွင်းမှာနေရာချထားပါက သင့်အိမ်ရဲ့အခြားဘက်တွင် ကောင်းမွန်တဲ့ လိုင်းဆွဲအားကိုရရှိနိုင်မှာမဟုတ်ပါဘူး။ 

•    Router ရဲ့ အင်တာနာတိုင်ကို တည့်တည့်မတ်မတ်ရှိနေပါစေ။ များစွာသောအင်တာနာတိုင်များ ဟာချိန်ညှိ၍ရနိုင်ပြီး လှဲထားနိုင်ပါသော်လည်း တည့်တည့်မတ်မတ်ထောင်ထားသည့်ပုံစံဟာ အများအားဖြင့် အကောင်းဆုံးပုံစံဖြစ်ပါတယ်။ 

•    သင့်ရဲ့ router ကို ကြမ်းပြင်မှခွာထားပါ။ Router ဟာ ကြမ်းပြင်ပေါ်မှာမဟုတ်ပဲ စားပွဲတစ်လုံး ပေါ်တွင်ရှိနေပါက ပိုမိုကောင်းမွန်တဲ့လိုင်းကိုဖမ်းယူရရှိနိုင်မှာပဲဖြစ်ပါတယ်။ 

•    Router အနီးတွင်ရှိနေတဲ့ အရာဝတ္ထုတွေရဲ့အမျိုးအစားများကိုလည်း သတိပြုပါ။ ဥပမာ- Router ကို သတ္တုစားပွဲပေါ်တွင်တင်ထားခြင်း (သို့) သတ္တုနံရံတစ်ခုပေါ်တွင်တပ်ဆင်ထားခြင်းတို့ ဟာ ပြဿနာများရှိလာစေနိုင်ပါတယ်။ Signal လိုင်းများဟာ သစ်သားစားပွဲတစ်လုံးကိုလွယ်ကူ စွာဖြတ်သန်းနိုင်သော်လည်း သတ္တုနဲ့ပြုလုပ်ထားတဲ့အရာများဟာ signal များကို ပိတ်ဆို့နိုင်စေ ပါတယ်။ 

•    လိုင်းဆွဲအားဆိုင်ရာပြဿနာများကိုဖြစ်စေတဲ့ အခြားပိတ်ဆို့မှုများလည်းရှိနေပါသေးတယ်။ ဥပမာ - သတ္တုနဲ့ပြုလုပ်ထားတဲ့ ဖိုင်များထားသိုရာဗီဒိုတစ်ခုဟာ သင့်ကွန်ပြူတာနဲ့ router တို့အကြားတွင်ရှိနေပါက သင်ဟာ wireless signal ကို လက်ခံရရှိနိုင်မှာမဟုတ်ပါဘူး။ အခြား သော ထူထဲသည့်ပစ္စည်းများရှိနေပါကလည်း အလားတူပြဿနာများကိုဖြစ်ပွားစေနိုင်ပါတယ်။ 

(Unicode)







 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။