Will Nintendo Switch Pro with 4K support come out on stores later this year?

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

27.2.2021 | ယခုနှစ် နှောင်းပိုင်းခန့်တွင် 4K support ပါဝင်သော Nintendo Switch Pro ကို အရောင်းဆိုင်များတွင် မြင်တွေ့နိုင်တော့မည်လော?

Nintendo Switch ဟာ လူအများကနှစ်သက်ခဲ့ကြတဲ့ ရေပန်းစားလူကြိုက်များသော gaming device တစ်ခုဖြစ်ခဲ့ပါတယ်။ ယခုအခါ Online ပေါ်မှ သတင်းပေါက်ကြားမှုများအရ ကုမ္ပဏီဟာ အဆိုပါ console ရဲ့ upgraded version တစ်ခုဖြစ်တဲ့ 4K video support ပါဝင်သော Nintendo Switch Pro ကို ထုတ်လုပ်ရောင်းချဖို့အတွက် ပြင်ဆင်လျှက်ရှိကြောင်းကိုသိရှိခဲ့ရပါတယ်။

Nintendo Switch Pro တွင် ကုမ္ပဏီရဲ့ resolution ကို အဆင့်မြှင့်တင်ပေးနိုင်သော tool တစ်ခုဖြစ်တဲ့ DLSS ပါဝင်လာဖို့နဲ့ 4K video functionality တို့ ပါဝင်လာဖို့ကိုလည်း ပရိသတ်များကမျှော်လင့်ထားနေကြပြီး ပိုမိုကောင်းမွန်တဲ့ Portal Mode နဲ့အတူ အခြားသော အကျိုးရှိမယ့် upgrade များလည်း ပါဝင်လာသင့်တယ်လို့ ပြောဆိုထားကြပါတယ်။

အဆိုပါသတင်းပေးပို့မှုအရတော့ Console အသစ်ဟာ ယခုနှစ်နှောင်းပိုင်းခန့်တွင် Official အနေနဲ့ ထွက်ရှိလာနိုင်ပါတယ်။ သို့သော်လည်း Nintendo ကုမ္ပဏီဘက်ကတော့ အဆိုပါ device ရဲ့ release date နဲ့ Nintendo Switch Pro အမှန်တကယ်ရှိ၊ မရှိကို ပြန်လည်အတည်ပြုပြောကြားခြင်းမရှိသေးပါဘူး။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။