WILD RIFT ESPORTS ADDS COCA-COLA AS WORLDWIDE FOUNDING PARTNER

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

2.4.2022 | Wild Rift မှ Coca-Cola ကို Worldwide Founding Partner အဖြစ်ထည့်သွင်းသတ်မှတ်ကြောင်း ကြေငြာချက်ထုတ်ပြန် 

Riot Games နှင့် Coca Cola တို့ဟာ mobile gaming နှင့် esports လောကတွင် ပထမဆုံး multi-year partnership တစ်ခုကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ပူးတွဲကြေငြာချက်တစ်ခုကို မတ်လ ၂၄ ရက်နေ့တွင် ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အကျိုးတူပူးပေါင်းမှုရဲ့ ပထမဆုံးလှုပ်ရှားမှုအနေနဲ့ “It Must Be Real” လို့အမည်ပေးထားတဲ့ Coca-Cola မှ မကြာမှီအချိန်အတွင်းက ပြုလုပ်ထားခဲ့သော digital campaign တစ်ခုတွင် Wild Rift Esports မှ scene အချို့ကိုလည်း ပြသသွားခဲ့ပါသေးတယ်။ 

Riot Games ရဲ့ official website တွင် - “အဆိုပါသဘောတူညီချက်ဟာ မြန်ဆန်စွာ ကြီးထွားတိုးတက်လာသော mobile gaming နှင့် esports အမှတ်တံဆိပ်များအနက်မှ League of Legends: Wild Rift နှင့် Wild Rift Esports တို့နှင့် Coca-Cola တို့ အတူတကွပူးပေါင်း၍ ကစားသမားများနှင့် fan များအကြားတွင် အဓိပ္ပါယ်ပြည့်ဝသောပုံစံဖြင့် ဆက်နွယ်ပတ်သက်မှုတစ်ခုပေါ်ပေါက်လာစေရန် ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြုလုပ်ခဲ့တာဖြစ်ပါတယ်” ဟူ၍ ရေးသားထားခဲ့ပါတယ်။ 

Coca-Cola ကုမ္ပဏီရဲ့ Global Vice President, Assets, Influencers & Partnerships ဖြစ်သူ Brad Ross ကတော့ - “Mobile gaming ဟာ အနာဂါတ်တွင် gaming ပြုလုပ်ခြင်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာမှာဖြစ်တဲ့အတွက် ကျွန်ုပ်တို့ဟာ အားကစားနဲ့ entertainment နယ်ပယ်နှစ်ခု ဆုံမှတ်ရဲ့ ထိပ်ဆုံးတွင်ရှိနေသော Riot Games နဲ့ အတူတကွပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ရမှာကို အလွန်ပဲ မျှော်လင့်ထားပါတယ်”  ဟူ၍ ပြောကြားခဲ့ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။