Wikipedia is preparing to launch a paid version

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

20.3.2021 | Wikipedia မှ သူတို့ရဲ့ဝန်ဆောင်မှုကို အခကြေးငွေပေး၍ ရယူရမည့် paid version ကို လွှင့်တင်နိုင်ရန် စီစဉ်လျှက်ရှိ

Wikipedia ပေါ်မှတဆင့် အချက်အလက်များရယူ၍ လည်ပတ်ရသောကုမ္ပဏီများအတွက် Wikipedia ရဲ့ ပင်ရင်းကုမ္ပဏီမှ ငွေပေးချေ၍ရယူရမည့် Online ဝန်ဆောင်မှုတစ်ခုကို စတင်ပြုလုပ်သွားရန်ရှိကြောင်း ကြေငြာလိုက်ပြီပဲဖြစ်ပါတယ်။ 

Wikimedia Enterprise ဟု ခေါ်တွင်မည့် အဆိုပါ platform ပေါ်တွင် Wikipedia ပေါ်ရှိ content များကို သုံးစွဲနေရသော ကုမ္ပဏီများသာ စာရင်းပေးသွင်းလျှောက်ထားနိုင်မှာဖြစ်ပြီး ဆက်စပ်အနေဖြင့် Google, Amazon နှင့် Facebook တို့တွင်လည်း အဆိုပါဝန်ဆောင်မှာဟာ အကျိုးသက်ရောက်မှုရှိလာစေနိုင်မှာလည်း ဖြစ်ပါတယ်။

Wikipedia ကို သာမန်အသုံးပြုနေသော အသုံးပြုသူများအတွက်ကိုတော့ သူတို့ရဲ့ဝန်ဆောင်မှုအား ပုံမှန်အတိုင်း အခမဲ့ရယူနိုင်ဦးမှာဖြစ်ကြောင်းနှင့်အတူ Wikipedia အနေနဲ့ ပိုမိုများပြားတဲ့ အရင်းအမြစ်များ၊ လုပ်ငန်းလက်တွဲဖော်များနဲ့ မိတ်ဘက်များကိုလည်း လုပ်ငန်းချဲ့ထွင်မှုများကို ပြုလုပ်လာသည်နှင့်အမျှ ရည်မှန်းချက်များအောင်မြင်စေရန်အတွက် လိုအပ်ဦးမှာဖြစ်ကြောင်းကိုလည်း Wikipedia မှ ပြောကြားသွားခဲ့ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။