WhatsApp banned over 2 million accounts in India between May and June

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

26.7.2021 | မေလနှင့် ဇွန်လအတွင်း အိန္ဒိယနိုင်ငံတွင်းရှိ အကောင့်ပေါင်း ၂သန်းကျော်ခန့်ကို WhatsApp မှ ဖယ်ရှားခဲ့ 

သတ်မှတ်ထားတဲ့စည်းကမ်းချက်များကို ချိုးဖောက်ခဲ့တဲ့ အိန္ဒိယနိုင်ငံတွင်းရှိ အကောင့်ပေါင်း ၂ သန်းကျော်ခန့်ကို WhatsApp မှ ဖယ်ရှားခဲ့တယ်လို့ ကြေငြာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။ WhatsApp ရဲ့ ပြောကြားချက်အရ ထိုအထဲက အသုံးပြုသူများရဲ့ ၉၅% ဟာ India နိုင်ငံအတွင်း Message များကို forward ပြုလုပ်နိုင်မည့် အရေအတွက် ကန့်သတ်မှုစည်းမျဉ်းများကို ချိုးဖောက်ခဲ့သောကြောင့် ဖယ်ရှားခဲ့ရခြင်းဖြစ်ကြောင်း BBC news ရဲ့ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။ 

ကုမ္ပဏီမှ ပြောဆိုချက်များအရ မေလ ၁၅ ရက်နေ့နှင့် ဇွန်လ ၁၅ ရက်နေ့အတွင်းမှာပင် သူတို့ဟာ အိန္ဒိယနိုင်ငံအတွင်းရှိ အကောင့်ပေါင်း ၂ သန်းကျော်ခန့်ကို “ပုံမှန်မဟုတ်ပဲ မြင့်မားလှတဲ့ Message ပေးပို့မှုနှုန်းများကြောင့်” ဖယ်ရှားခဲ့ရတယ်လို့ သိရှိရပါတယ်။ WhatsApp ကို အိန္ဒိယနိုင်ငံတွင် တွင်ကျယ်စွာအသုံးပြုလျှက်ရှိကြပြီး အသုံးပြုသူပေါင်း သန်း ၄၀၀ ခန့်ရှိနေတဲ့အတွက် India နိုင်ငံအတွင်းရှိ သတင်းအမှားပြန့်နှံ့မှုများရဲ့ အစပြုရာနေရာတစ်ခုလည်းဖြစ်နေပြန်ပါတယ်။ 

အဆိုပါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားများဟာ သောင်းနှင့်ချီသောအသုံးပြုသူများထံသို့ နာရီပိုင်းအတွင်း လျှင်မြန်စွာပျံ့နှံ့သွားလေ့ရှိတဲ့အတွက် ထိုအရာကိုတုန့်ပြန်ဖြေရှင်းနိုင်ဖို့ဟာ လက်တွေ့မှာ မဖြစ်နိုင်တဲ့အတွက် ယခင်ကလည်း ထိုကဲ့သို့ လျှင်မြန်စွာပျံ့နှံ့သွားခဲ့တဲ့ Message များနဲ့ Video များဟာ အိန္ဒိယနိုင်ငံအတွင်း အကြမ်းဖက်မှုများကို ဖြစ်စေခဲ့ပြီး ပြည်သူများသေဆုံးရခြင်းအထိကို ဖြစ်စေခဲ့ဖူးပါတယ်။ WhatsApp ကတော့ ယခုအခါတွင် အသုံးပြုသူများရဲ့ complain များကို ဖြေရှင်းခြင်းအပြင် သူတို့ရဲ့ platform ကို အလွန်အကျူးအသုံးချလျှက်ရှိနေမှုများကို တားဆီးနိုင်ရန်အတွက် အထောက်အကူပေးနိုင်မည့် tool များကိုလည်း သုံးစွဲလျှက်ရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။