Web coding platform “Glitch” acquired by Fastly

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

7.6.2022 | Web coding platform တစ်ခုဖြစ်တဲ့ “Glitch” ကို Fastly မှ ဝယ်ယူမှုပြုလုပ်ခဲ့ 

Fastly ကို အမည်ရတဲ့ cloud ဝန်ဆောင်မှုတွေကို အဓိကပြုလုပ်ပေးနေတဲ့ ကုမ္ပဏီတစ်ခုဟာ “Glitch” လို့ အမည်ရတဲ့ ထူးခြားပြီး စွမ်းဆောင်ချက်ကောင်းမွန်တဲ့ web coding platform တစ်ခုကို ဝယ်ယူလိုက်ပြီဖြစ်ကြောင်း မေလ ၁၉ ရက်နေ့က ကြေငြာခဲ့ပါတယ်။ Glitch ဟာ Fastly ရဲ့ အောက်တွင် ဆက်လက်၍ operate ပြုလုပ်သွားမှာဖြစ်ပြီး Fastly ကတော့ အဖွဲ့ရဲ့တိုးတက်ရေးနှင့် Glitch app များကို ၎င်းတို့ရဲ့ edge computing ဝန်ဆောင်မှုများတွင် ထည့်သွင်းနိုင်ရေးအတွက် ဆောင်ရွက်သွားဖို့ စီစဉ်လျှက်ရှိနေပါတယ်။ 

Glitch CEO Anil Dash ကတော့ Fastly ကို ၎င်းတို့ရဲ့ Vice President of developer experience အနေနဲ့ ဝင်ရောက်လုပ်ကိုင်မှာဖြစ်ပြီး Glitch နှင့် Fastly ရဲ့ ထုတ်ကုန်များကို စတင်အသုံးပြုမည့်သူများအား အကူအညီပေးနိုင်မည့် “tool များနှင့် အရင်းအမြစ်များကို ဖန်တီးရန်” အဓိကထားဆောင်ရွက်သွားမည့် နောက်ထပ် team အသစ်တစ်ခုကို ကြီးကြပ်ကွပ်ကဲသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။ 

Web ဟာ လူတွေအနေနဲ့ ဖန်တီးမှုများကို ပြုလုပ်လိုသည့်နေရာတစ်ခုအဖြစ်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ပြီး “သင့်အနေနဲ့ ထိုသို့ပြုလုပ်နိုင်ဖို့အတွက် ဒီကဲ့သို့ ကြီးမားတဲ့ platform တစ်ခုရှိနေဖို့ လိုအပ်မှာဖြစ်ပါတယ်” လို့ Dash က The Verge သို့ ပြောကြားခဲ့ပါတယ်။ “Glitch အနေနဲ့ မိမိတို့ဘာသာဆက်လက်၍ရပ်တည်သွားပါက ဒီထက်ပိုများတဲ့ ငွေကြေးပမာဏကို ရှာဖွေနိုင်စွမ်းရှိပါတယ် ဒါပေမယ့် ၎င်းတို့ရဲ့ကုမ္ပဏီဟာ အမြဲတမ်းအမှီအခိုကင်းကင်းနဲ့ နေလို့ရမှာမဟုတ်တာကိုလည်း သိတဲ့အတွက် ဒီရွေးချယ်မှုကို ပြုလုပ်ခဲ့ရခြင်းဖြစ်တယ်” လို့လည်း Dash က ပြောကြားခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။