Waymo will test its autonomous trucks in Texas

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

1.3.2022 | Waymo မှ ၎င်းတို့ရဲ့ အလိုအလျှောက်မောင်းနှင်နိုင်သော Truck ကားများကို Texas ပြည်နယ်တွင် စတင်စမ်းသပ်မှုများပြုလုပ်သွားရန်ရှိ 

Waymo မှ ၎င်းတို့ရဲ့ အလိုအလျှောက်မောင်းနှင်နိုင်သည့် truck ကားများကို Texas ပြည်နယ်တွင် စမ်းသပ်ရန်အတွက် CH Robinson လို့အမည်ရတဲ့ fortune 500 ကုမ္ပဏီစာရင်းဝင် global logistics provider ကုမ္ပဏီတစ်ခုနှင့် အကျိုးတူပူးပေါင်းမှုများကို ပြုလုပ်သွားမှာဖြစ်ကြောင်း ကြေငြာမှုတစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။ 

အဆိုပါအကျိုးတူပူးပေါင်းမှုရဲ့ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ Waymo နှင့် CH Robinson တို့ဟာ Dallas-Fort Worth နှင့် Houston ပြည်နယ်အကြားရှိ မိုင် ၂၄၀ အကွာအဝေးအတွင်း Waymo ရဲ့အလိုအလျှောက်မောင်းနှင်နိုင်သည့် Truck ကားများမှ delivery များပြုလုပ်ခြင်းကို စောင့်ကြည့်သွားမှာဖြစ်တယ်လို့သိရှိရပါတယ်။ 

Waymo Via ရဲ့ head of commercializing of trucking အဖြစ်တာဝန်ထမ်းဆောင်လျှက်ရှိသူ Charlie Jatt ကတော့ “ဒီအကျိူးတူပူးပေါင်းမှုဟာ CH Robinson ရဲ့ logistics ပိုင်းဆိုင်ရာကျွမ်းကျင်မှုများနှင့် ဒေတာအချက်အလက်များကို Waymo Via ရဲ့ နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်မှုဖြင့် ပေါင်းစပ်၍ logistics industry အတွင်းရှိ လိုအပ်ချက်များကို ဖြေရှင်းနိုင်ရန် ကြံဆောင်ကာ အကျိုးဖြစ်ထွန်းမှုအများဆုံးနေရာများတွင် ထည့်သွင်းအသုံးချသွားမှာဖြစ်ပါတယ်” ဟူ၍ ပြောကြားခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။