Waymo’s Robotaxi fleet will use EVs custom built by Zeekr

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

4.1.2022 | Zeekr မှ သီးသန့်ထုတ်လုပ်ပေးသွားမည့် လျှပ်စစ်ကားများကို Waymo ရဲ့ Robotaxi ကားလုပ်ငန်းတွင် အသုံးပြုသွားမည်

နောင်လာမည့်အနာဂါတ်ကာလတွင် Google မှပိုင်ဆိုင်သော အလိုအလျောက်မောင်းနှင်နိုင်သော ကားများကိုထုတ်လုပ်လျက်ရှိတဲ့ Waymo ဟာ ၎င်းတို့ရဲ့ robotaxi fleet တွင် တရုတ်နိုင်ငံအခြေစိုက် Geely ကားထုတ်လုပ်ရေးကုမ္ပဏီမှ ၎င်းတို့ရဲ့ဝန်ဆောင်မှုအတွက်ရည်ရွယ်၍ သီးသန့်ထုတ်လုပ်ပေးသွားမည့် လျှပ်စစ်ကားများကို အသုံးပြုသွားမှာဖြစ်တယ်လို့ ကြေငြာချက်တစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။ 

အဆိုပါကားများကို Geely မှ မကြာသေးမှီကထုတ်လုပ်ထားတဲ့ ၎င်းတို့ရဲ့ Zeekr လျှပ်စစ်ကားကိုအခြေခံ၍ အလိုအလျှောက်မောင်းနှင်မှုများကို ပြုလုပ်ပေးနိုင်ရန် မွမ်းမံမှုများကိုပြုလုပ်၍ ထုတ်လုပ်ပေးသွားမှာဖြစ်တယ်လို့ သိရှိရပြီး ၎င်းတွင် စတီယာရင်တိုင်များနဲ့ Pedal များလည်းပါဝင်လာမှာမဟုတ်ပဲ လုံးဝကို အလိုအလျှောက်မောင်းနှင်မှုပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ်။ 

Waymo ရဲ့ပြောကြားချက်အရ ထိုသို့ပြင်ဆင်ထုတ်လုပ်ထားခြင်းဟာ ကားအတွင်းသို့ဝင်ရောက်ရလွယ်ကူစေရန် ဖြစ်ပြီး ပိုမိုကျယ်ဝန်းတဲ့ဖွဲ့စည်းပုံကိုရရှိစေနိုင်ပြီး ကားအတွင်းပိုင်းတွင် နောက်မှီထိုင်ခုံများနှင့် အားသွင်းပေါက်များလည်း ပါဝင်လာမှာဖြစ်ပါတယ်။ ပြီးနောက်တွင်တော့ Waymo မှ ကင်မရာများနှင့် sensor များပါဝင်သည့် အလိုအလျှောက်မောင်းနှင်မှုပြုလုပ်မည့် နည်းပညာ software ကို အဆိုပါကားများတွင်ထည့်သွင်းတပ်ဆင်သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။