Waymo is building a hub for its autonomous trucks in the U.S

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

30.8.2021 | Waymo မှ သူတို့ရဲ့ အလိုအလျှောက်မောင်းနှင်နိုင်သည့် tuck ကားများအတွက် အနားယူစခန်းတစ်ခုကို U.S တွင် တည်ဆောက်လျှက်ရှိ 

အလိုအလျှောက်မောင်းနှင်နိုင်သောနည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Waymo ဟာ သူတို့ရဲ့ အလိုအလျှောက်မောင်းနှင်နိုင်သော ယာဉ်များအတွက် အခြေစိုက်စခန်းတစ်ခုကို Dallas-Fort Worth, Texas တွင် တည်ဆောက်ရန်စီစဉ်လျှက်ရှိကြောင်း ကြေငြာမှုပြုလုပ်ခဲ့ပါတယ်။ 

အဆိုပါ Alphabet မှ ပိုင်ဆိုင်ထားတဲ့ကုမ္ပဏီဟာ Truck ကား အဌားကုမ္ပဏီတစ်ခုဖြစ်တဲ့ Ryder နဲ့ fleet management အတွက် လက်တွဲမှုများကိုပြုလုပ်လျှက်ရှိနေပြီး သူတို့လုပ်ငန်းရဲ့ သယ်ယူပို့ဆောင်ရေးနဲ့ logistic ပိုင်းဆိုင်ရာ လုပ်ငန်းများကို ထပ်မံတိုးချဲ့သွားဖို့ စီစဉ်နေပါတယ်။ ဒါ့အပြင် အဆိုပါ South Dallas မြို့ရှိ အခြေစိုက်စခန်းဟာ Waymo ရဲ့ အလိုအလျှောက်မောင်းနှင်နိုင်တဲ့ Truck ကားများအတွက် အမေရိကန်ပြည်ထောင်စုအတွင်း အဓိက operation များပြုလုပ်ရာ အချက်အခြာနေရာတစ်ခုဖြစ်လာမှာဖြစ်ပါတယ်။ 

ကုမ္ပဏီဟာ သူတို့ရဲ့ ကုန်ပစ္စည်းတင်ပို့ရေး operation များကို အလိုအလျှောက်မောင်းနှင့်နိုင်တဲ့ ယာဉ်များဖြင့် အပြည့်အဝစတင်လုပ်ဆောင်သွားဖို့ နီးကပ်လာပြီဖြစ်တဲ့အတွက် အဆိုပါအခြေစိုက်စခန်းကို “ရာပေါင်းများစွာသော Truck ကားများနဲ့ ဝန်ထမ်းများ” အား ကောင်းစွာနေရာချထားနိုင်ရန်အတွက် ရည်ရွယ်၍ တည်ဆောက်ထားတာဖြစ်ကြောင်း သိရှိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။