Volvo will use Epic’s Unreal Engine in its electric cars

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

11.6.2022 | Volvo မှ Epic ရဲ့ Unreal Engine ကို ၎င်းတို့ရဲ့ လျှပ်စစ်ကားများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်းကြေငြာ 

Volvo ဟာ Epic Games ရဲ့ Unreal Engine ရဲ့ ရုပ်ထွက်ကောင်းမွန်မှုကို စတင်အသုံးချမှုပြုလုပ်လိုက်တဲ့ ပထမဆုံးကားထုတ်လုပ်မှုကုမ္ပဏီဖြစ်လာတော့မှာဖြစ်ပါတယ်။ ဒီ ဆွီဒင်အခြေစိုက် ကားထုတ်လုပ်ရေးကုမ္ပဏီဟာ Epic နဲ့ ပူးပေါင်း၍ “ဓါတ်ပုံများအတိုင်း အပြင်နှင့် တထပ်တည်းကျမည့် ပုံရိပ်များ” ကို ၎င်းတို့ထပ်မံထုတ်လုပ်သွားမည့် လျှပ်စစ်ကားများတွင် ထည့်သွင်းတည်ဆောက်သွားရန် ပြုလုပ်သွားဖို့ ရှိနေပါတယ်။ 

ဒီအကျိုးတူပူးပေါင်းမှုဟာ “human-machine interface” HMI လို့ခေါ်တဲ့ ကားပိုင်ရှင်များမှ ၎င်းတို့ရဲ့ စီးတော်ယာဉ်များအတွက် ထုတ်လုပ်ပေးထားတဲ့ software များကို ကိုင်တွယ်အသုံးပြုပုံကို ပိုမို၍ အဆင့်မြှင့်ပေးနိုင်မှာဖြစ်ပါတယ်။ 

Volvo ရဲ့ ပြောကြားချက်အရ - ၎င်းတို့ရဲ့ အင်ဂျင်နီယာများမှ HMI ကို ပိုမိုကောင်းမွန်တိုးတက်လာစေရန်ပြုလုပ်ပေးနိုင်မည့် software တစ်ခုကို ရေးဆွဲနိုင်ရန်နှင့် Volvo ရဲ့ ဂုဏ်သိက္ခာအတွက် မှီခိုအားထားရသည့် လုံခြုံရေးအဆင့်များကိုလည်း ဆက်လက်ထိန်းသိမ်းထားနိုင်မည့် platform တစ်ခုကို Epic မှ ကူညီတည်ဆောက်ပေးရမှာဖြစ်တယ်လို့ သိရှိရပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။