Volvo Car Group Announced Plans for a Joint Venture with Swedish Battery Maker

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

27.6.2021 | ဆွီဒင်နိုင်ငံရှိ ဘက်ထရီထုတ်လုပ်ရေးကုမ္ပဏီတစ်ခုနှင့် အကျိုးတူပူးပေါင်းမှုများပြုလုပ်သွားမည့် အစီအစဉ်ကို Volvo မှ ကြေငြာ

တရုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Geely Holding မှ ပိုင်ဆိုင်ထားသော Volvo Car ကုမ္ပဏီဟာ ဆွီဒင်နိုင်ငံရှိ ကားဘက်ထရီထုတ်လုပ်ရေးကုမ္ပဏီတစ်ခုနှင့် အကျိုးတူပူးပေါင်းမှုများကိုပြုလုပ်၍ Volvo မှ ထုတ်လုပ်သွားမည့် လျှပ်စစ်ကားများအတွက် sustainable battery များကို တီထွင်ထုတ်လုပ်ရန်နှင့် ဘက်ထရီများထုတ်လုပ်ရေးအတွက် Gigafactory တစ်ခုကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ဇွန်လ ၂၁ရက်နေ့၊ ၂၀၂၁ ခုနှစ်တွင် ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ 

ကုမ္ပဏီ ၂ ခုစလုံးအနေနဲ့ ဆွီဒင်နိုင်ငံရှိ research & development center တွင် လုပ်ငန်းလုပ်ဆောင်ချက်များကို ၂၀၂၂ ခုနှစ်မှစတင်၍ပြုလုပ်သွားမှာဖြစ်ပြီး တစ်နာရီလျှင် 50 gigawatt အထိထုတ်လွှင့်ပေးနိုင်စွမ်းရှိမည့် Gigafactory တစ်ခုကို ၂၀၂၆ ခုနှစ်တွင် တည်ဆောက်နိုင်ရန်အတွက် ကြိုးပမ်းသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။ 

Volvo Car Group ရဲ့ CEO ဖြစ်သူ Hakan Samuelsson ကတော့ “Northvolt နှင့် အတူလက်တွဲလုပ်ကိုင်ခြင်းအားဖြင့် ကျွန်ုပ်တို့ရဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေးစွမ်းဆောင်ရည်များကို ပိုမို၍အားကောင်းလာစေမှာဖြစ်ပါတယ်” ဟူ၍ပြောဆိုခဲ့ပါတယ်။ Northvolt ဟာ Volvo ကားကုမ္ပဏီရဲ့ ဥရောပတစ်ခွင်အတွင်း ကားဘက်ထရီထုတ်လုပ်ရေးအတွက် တစ်ဦးတည်းမူပိုင် စီးပွားရေးလက်တွဲဖော်ဖြစ်လာမှာဖြစ်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။