Vodafone and Google partnered to jointly develop data services

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

10.5.2021 | ဒေတာဝန်ဆောင်မှုများကို အကျိုးတူဖန်တီးပြုလုပ်သွားရန် Vodafone နှင့် Google တို့ လက်တွဲခဲ့ကြောင်း ကြေငြာ 

Mobile operator တစ်ဦးဖြစ်တဲ့ Vodafone Group Plc နှင့် Alphabet Inc ရဲ့ Google Cloud တို့ဟာ လုပ်ငန်းသဘောအရ ပူးပေါင်းလုပ်ဆောင်မှုများကို ပြုလုပ်၍ ဒေတာဝန်ဆောင်မှုများကို အကျိုးတူဖန်တီးသွားရန် စီစဉ်လျှက်ရှိကြောင်း Vodafone မှ မေလ ၂ ရက်နေ့တွင် ကြေငြာခဲ့ကြောင်း Reuters မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။ 

ဗြိတိန်၊ စပိန်နှင့် အမေရိက နိုင်ငံများမှ ဝန်ထမ်း ၁၀၀၀ ခန့်စီအား “Nucleus” တစ်ခုတည်ဆောက်နိုင်ရန်အတွက် ကုမ္ပဏီ ၂ ခုစလုံးမှ မေးခွန်းများမေးမြန်းသွားမှာဖြစ်ပါတယ်။ Nucleus ဆိုသည်မှာ Vodafone ရဲ့ Data များကို host ပြုလုပ်ပေးသွားမယ့် Cloud အခြေခံ storage နဲ့ analytics portal အသစ်တစ်ခုဖြစ်ပါတယ်။ အဆိုပါ Nucleus ဟာ Cloud အတွင်းတွင် ဒေတာပေါင်း 50 terabytes ခန့်ကို တစ်နေ့အတွင်း process ပြုလုပ်ပေးနိုင်စွမ်းရှိကြောင်းကို Vodafone မှ ပြောကြားသွားခဲ့ပါတယ်။ 

“ကုမ္ပဏီ ၂ ခုစလုံးအနေနဲ့ စိတ်ချယုံကြည်ရပြီး လုံခြုံမှုရှိတဲ့ data analytics, insights များနဲ့ လေ့လာတွေ့ရှိမှုများကို အသုံးပြု၍ အနာဂါတ်တွင်ထွက်ရှိလာမည့် digital ထုတ်ကုန်အသစ်များနဲ့ ဝန်ဆောင်မှုများကို ကမ္ဘာတစ်လွှားရှိ Vodafone ကိုဝယ်ယူအသုံးပြုနေတဲ့ customer များအား ကောင်းမွန်စွာရှင်းပြပေးနိုင်စေဖို့ အထောက်အကူဖြစ်စေရန် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။” ဟူ၍လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။ 

အဆိုပါ ၆ နှစ်တာ သဘောတူညီချက်ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ကုမ္ပဏီ ၂ ခုစလုံးဟာ “Dynamo” ဟု ခေါ်တွင်မည့် စနစ်တစ်ခုကိုလည်း အတူတကွဖန်တီးပြုလုပ်သွားမှာဖြစ်ပြီး ထိုအရာက မတူညီတဲ့နိုင်ငံများရှိ Vodafone ရဲ့ ရုံးခွဲများမှ ဒေတာအချက်အလက်များကို ထုတ်နုတ်ရယူခြင်းနှင့် ပြန်လည်ပေးပို့မှုများကို ပြုလုပ်နိုင်စေမှာဖြစ်ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။