Verizon is planning to sell Yahoo and AOL for approximately $4 billion each.

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

9.5.2021 | Verizon မှ Yahoo နှင့် AOL တို့အား တစ်ခုလျှင် ပျမ်းမျှ ကန်ဒေါ်လာ ၄ ဘီလျံစီဖြင့် ရောင်းချရန် စီစဉ်လျှက်ရှိ

Ars မှ တင်ဆက်ထားသော သတင်းတစ်ပုဒ်အရ Verizon ဟာ ယခင်က အင်တာနက်ပေါ်တွင် လူသိများထင်ရှားခဲ့တဲ့ brand ၂ ခုဖြစ်သော Yahoo နှင့် AOL တို့ကို တစ်ခုလျှင် ကန်ဒေါ်လာ ၄ ဘီလျံဝန်းကျင်ခန့်ဖြင့် ရောင်းချရန်ကြိုးပမ်းလျှက်ရှိကြောင်းသိရှိခဲ့ရပါတယ်။

The Wall Street Journal တွင်တော့ “Verizon ဟာ Yahoo နဲ့ AOL အပါအဝင် ပိုင်ဆိုင်မှုအချို့ကို ရောင်းချရန် ရှာဖွေလျှက်ရှိပြီး အရင်းအနှီးကြီးမားစွာမြှုပ်နှံထားသော်လည်း အောင်မြင်မှုမရရှိခဲ့တဲ့အတွက် Digital Media လုပ်ငန်းမှ ထွက်ခွာရန် ပြင်ဆင်လျှက်ရှိနေပါတယ်” ဟူ၍ ရေးသားထားခဲ့ပါတယ်။ အဆိုပါရောင်းချမှုလုပ်ငန်းစဉ်တွင် private-equity ကုမ္ပဏီတစ်ခုဖြစ်တဲ့ Apollo Global Management မှ ကြားဝင်ပြုလုပ်ပေးရနိုင်ပြီး “ကန်ဒေါ်လာ ၄ ဘီလျံမှ ၅ ဘီလျံအကြားတန်ကြေးရှိနိုင်ကြောင်းကို ထိုကိစ္စနှင့် နီးစပ်သူများမှ ပြောဆိုခဲ့ကြောင်း” အဆိုပါ ဂျာနယ်တွင် ရေးသားထားခဲ့ပါတယ်။

Verizon သို့ Ars မှ Wall Street Journal ရဲ့ အဆိုပါသတင်းနှင့်ပတ်သက်၍ မေးမြန်းကြည့်ခဲ့ရာတွင်တော့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးမှ ထိုကိစ္စနှင့်ပတ်သက်၍ ကုမ္ပဏီဖက်မှ “ထပ်မံပြောကြားစရာမရှိပါ” ဟူ၍ ပြောကြားခဲ့ပါတယ်။ Verizon ဟာ AOL ကို ၂၀၁၅ ခုနှစ်တွင် ကန်ဒေါ်လာ ၄.၄ ဘီလျံဖြင့်ဝယ်ယူခဲ့တာဖြစ်ပြီး Yahoo ကိုတော့ ၂၀၁၇ ခုနှစ်တွင် ကန်ဒေါ်လာ ၄.၅ ဘီလျံဖြင့်ဝယ်ယူခဲ့ကာ “Oath” ဟု အမည်ရသော လက်အောက်ခံ ကုမ္ပဏီတစ်ခုသို့ ၂ ခုစလုံးအား လွှဲပြောင်းထားခဲ့တာဖြစ်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။