Valve is developing a Nintendo Switch – like all in one handheld device

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

7.6.2021 | Valve မှ Nintendo Switch နှင့် ဆင်တူသော All In One Handheld Device တစ်ခုကို ထုတ်လုပ်ရန်စီစဉ်လျှက်ရှိ

Ars မှ သတင်းတစ်ပုဒ်တွင် ဖော်ပြထားချက်အရ Video game နှင့် Hardware တီထွင်မှု စတူဒီယိုဖြစ်တဲ့ Valve ဟာ Steam PC platform ပေါ်ရှိ ဂိမ်းအများစုကို ဆော့ကစားနိုင်စေမည့် Nintendo Switch နှင့် ဆင်တူသော Portable PC device တစ်ခုကို Linux OS ပေါ်တွင် တိတ်တဆိတ်တည်ဆောက်လျှက်ရှိနေကြောင်း သိရှိရပါတယ်။ 

Ars Technica ရဲ့ သတင်းအရင်းအမြစ်များအရ အကယ်၍ Supply Chain များမှသာ ဖြန့်ချီပေးဖို့ ဆန္ဒရှိခဲ့မယ်ဆိုပါလျှင် အဆိုပါ device ကို ယခုနှစ် နှစ်ကုန်ပိုင်းလောက်တွင် တွေ့မြင်လာရနိုင်ချေရှိနေပါတယ်။ အဆိုပါကိစ္စနှင့် ရင်းနှီးမှုရှိသောသူများကလည်း အဆိုပါ device ကို ဖန်တီးမှုပြုလုပ်နေသည်မှာ အချိန်ကာလတစ်ခုအထိ ရှိနေပြီဖြစ်ပြီး ယခုအပတ်အတွင်းမှာတော့ Valve ကိုယ်တိုင်မှ အဆိုပါ device အကြောင်းအနည်းငယ်ကို ကုမ္ပဏီရဲ့ လူသုံးများသော PC gaming စတိုးဆိုင်နှင့် လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ Steam ရဲ့ နောက်ဆုံး version သို့ hardware နှင့် သက်ဆိုင်သော code အသစ်များကို ထည့်သွင်းခြင်းအားဖြင့် တစွန်းတစလှစ်ဟပြခဲ့ပါတယ်။ 

မေလ ၂၅ ရက်နေ့တွင် SteamDB operator Pavel Djundik မှ အဆိုပါ Steam ရဲ့ code အတွင်း ပြောင်းလဲမှုများကို တွေ့ရှိခဲ့ပြီး အဆိုပါ code ဟာ “SteamPal” ဟု အမည်ပေးထားတဲ့ device တစ်ခုကို ညွှန်ပြလျှက်ရှိနေပြီး ထိုအရာက gamepad control များနှင့် touch screen တို့ပါဝင်ပြီး လုပ်ဆောင်ချက်ပိုင်းအရ Nintendo Switch နှင့် ဆင်တူသည့် all-in-one PC တစ်ခုဖြစ်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။