Valve announced that Steam Deck is on track to ship by the end of February

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

19.1.2022 | Valve မှ Steam Deck ကို ဖေဖော်ဝါရီလကုန်တွင် စတင်တင်ပို့နိုင်တော့မှာဖြစ်တယ်ဟု ကြေငြာချက်ထုတ်ပြန် 

ပြီးခဲ့တဲ့ နိုဝင်ဘာလတွင် Valve ဟာ Steam Deck ကို တင်ပို့ရောင်းချမှုပြုလုပ်နိုင်ဖို့အတွက် (၂) လခန့် နောက်ကျနိုင်တယ်လို့ ကြေငြာချက်ထုတ်ပြန်ခဲ့သော်လည်း ယခု ၂၀၂၂ ခုနှစ်တွင်တော့ အခြေအနေများဟာ အကောင်းဘက်သို့ ဦးတည်နေပြီပဲဖြစ်ပါတယ်။ 

Valve မှ နောက်ဆုံးပြုလုပ်ခဲ့တဲ့ ကြေငြာချက်တစ်ခုအရ ၎င်းတို့ရဲ့ Steam Deck shipment များဟာ ဖေဖော်ဝါရီလကုန်ခန့်တွင် စတင်၍ တင်ပို့ရောင်းချနိုင်တော့မှာဖြစ်တယ်လို့ ခန့်မှန်းထားကြောင်း သိရှိရပါတယ်။ 

Hardware များဟာ အရေးကြီးသကဲ့သို့ Steam Deck ပေါ်တွင် အသုံးပြုသူများဆော့ကစားသွားရမည့် ဂိမ်းများဟာလည်း အရေးကြီးတဲ့အတွက် လက်ရှိတွင် Valve ဟာ ရာပေါင်းများစွာသော Steam Deck unit များကို developer များထံသို့ ပြီးခဲ့တဲ့လကတည်းကဖြန့်ချီထားပြီးဖြစ်ကာ ၎င်းတို့ရဲ့ PC game များဟာ Steam Deck ရဲ့ software environment နှင့် AMD ရဲ့နည်းပညာကိုအသုံးပြုထားတဲ့ hardware များနဲ့ အပြည့်အဝ ကိုက်ညီမှုရှိ၊ မရှိကို စမ်းသပ်လျှက်ရှိနေကြပြီဖြစ်ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။