Valve announce to open pre-orders for Japan, South Korea, Hong Kong and Taiwan

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

18.8.2022 | Valve မှ Steam Deck ကို ဂျပန်၊ တောင်ကိုရီးယား၊ ဟောင်ကောင်နှင့် ထိုင်ဝမ်နိုင်ငံများတွင် ကြိုတင်မှာယူမှုများ ပြုလုပ်ခွင့်ပေးလိုက်ပီဖြစ်ကြောင်း ကြေငြာ 

Valve ဟာ Steam Deck တင်ပို့ရောင်းချမှုများအား နိုင်ငံအချို့ထပ်မံတိုးချဲ့လိုက်ပြီပဲဖြစ်ပါတယ်။ မကြာသေးမှီကကြေငြာခဲ့မှုအရ Valve ဟာ ဂျပန်၊ တောင်ကိုရီးယား၊ ဟောင်ကောင်နှင့် ထိုင်ဝမ်နိုင်ငံများမှ preorder များကို Komodo မှတဆင့် စတင်လက်ခံသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။ 

Komodo ဟာ Valve ရဲ့ PC အတွက် Index VR headset များ၊ အခြားသောဂိမ်းများ၊ gaming နဲ့ ပတ်သက်တဲ့ ကုန်ပစ္စည်းများကိုရရှိနိုင်တဲ့ website တစ်ခုလဲဖြစ်ပါတယ်။ steamdeck.com သို့ အထက်ဖော်ပြပါနိုင်ငံများမှ ဝင်ရောက်ကြည့်ပါက Komodo ရဲ့ website သို့ ရောက်ရှိသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။ 

Valve ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ Kaci Aitchison Boyle ရဲ့ The Verge သို့ပြောကြားချက်အရ ပထမဆုံးအကြိမ် ကြိုတင်မှာယူထားမှုများကို ယခုနှစ်နှောင်းပိုင်းတွင် တင်ပို့ပေးသွားနိုင်မှာဖြစ်ပြီး ဂျပန်နိုင်ငံသို့ ဦးစွာစတင် တင်ပို့ပေးသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ပြီးနောက် ကိုရီးယား၊ ဟောင်ကောင်နှင့် ထိုင်ဝမ်နိုင်ငံများသို့လည်း ဂျပန်နိုင်ငံသို့တင်ပို့မှုများအပြီး ရက်အနည်းငယ်အကြာတွင် တင်ပို့သွားမှာဖြစ်ကြောင်း သိရှိရပါတယ်။
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။