U.S Consumer Financial Protection Bureau made yet another crackdown on tech giants.

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

1.11.2021 | အမေရိကန် Consumer Financial Protection Bureau မှ နည်းပညာကုမ္ပဏီကြီးများအပေါ် နောက်ထပ်စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ 

American နည်းပညာကုမ္ပဏီကြီးများအနေနဲ့ ၎င်းတို့ရဲ့ payment လုပ်ထုံးလုပ်နည်းများကို စောင့်ကြည့်မှုများနဲ့ ပိုမို၍ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ Consumer Financial Protection Bureau မှ Amazon, Apple, Facebook, Google, PayPal နှင့် Square တို့ကို ၎င်းတို့ရဲ့ payment system plan များနှင့် ပတ်သက်တဲ့အချက်အလက်များကို ပေးအပ်ရန်အတွက် အမိန့်ချမှတ်ခဲ့ပါတယ်။ 

Consumer Financial Protection Bureau မှ ဒီကုမ္ပဏီကြီးများအနေနဲ့ မည်ကဲ့သို့ ဒေတာများကိုကောက်ယူလျှက်ရှိနေပြီး သုံးစွဲသူများအတွက် အကျိုးမရှိဖြစ်စေမည့် အရာများရှိ၊ မရှိ နှင့် သုံးစွဲသူပြည်သူများအပေါ် ထိုက်သင့်တဲ့ အကာအကွယ်ပေးမှုများရှိ၊ မရှိကို သိရှိလိုလျှက်ရှိနေပါတယ်။ ဒါ့အပြင် CFPB အနေနဲ့ Alipay နှင့် WeChat pay ကဲ့သို့သော တရုတ်နည်းပညာကုမ္ပဏီကြီးများရဲ့ ငွေပေးချေမှုစနစ်များကိုလည်း လေ့လာသွားဖို့ ရှိနေပါတယ်။ 

CFPB ရဲ့ Director ဖြစ်သူ Rohit Chopra ရဲ့ ပြောကြားချက်အရ Payment system များဟာ “၎င်းတို့ရဲ့ ကြီးမားတဲ့ ကုမ္ပဏီအရွယ်အစားနှင့် ဈေးကွက်ကိုလွှမ်းမိုးနိုင်စွမ်းတို့ကြောင့်” မျှတတဲ့ ဈေးကွက်အခြေအနေကို ပျက်ပြားစေနိုင်တဲ့ အန္တရာယ်ရှိလာနိုင်စေပါတယ်။ ဥပမာအားဖြင့် “တရုတ်နိုင်ငံအတွင်းတွင် Alipay နှင့် WeChat Pay တို့ဟာ တရုတ်လူမျိုးတို့ရဲ့ လူနေမှုဘဝတွင် အခိုင်အမာနေရာရယူထားပြီးဖြစ်တဲ့အတွက် တရုတ်နိုင်ငံအတွင်း နေထိုင်သူများအနေနဲ့ ဒီဝန်ဆောင်မှုများကို မဖြစ်မနေအသုံးပြုကြရပါတယ်။” ဟူ၍ ဥပမာပေး၍ ပြောကြားခဲ့ပါတယ်။  

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။