Two executives who built Trump’s social media app resigns

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

16.4.2022 | Trump ရဲ့ social media app ကို တည်ဆောက်ပေးခဲ့သော Executive (၂) ဦး ရာထူးမှနှုတ်ထွက်သွားခဲ့ 

သမ္မတဟောင်း Donald Trump ရဲ့ alternative social networking platform တစ်ခုဖြစ်တဲ့ Truth Social ကို တည်ဆောက်ပေးခဲ့သော Executive (၂) ဦးဟာ ရာထူးမှနှုတ်ထွက်မှုပြုလုပ်သွားခဲ့ကြောင်း Reuters မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။ 

Chief technology officer Josh Adams နှင့် Head of product development Billy Boozer တို့ နှစ်ဦးဟာ Trump ရဲ့ social media ကုမ္ပဏီသို့ ဝင်ရောက်ပြီးနောက် ၁ နှစ်မပြည့်သေးမှီတွင် ၎င်းတို့ရဲ့ သက်ဆိုင်ရာ ရာထူးများမှ resign ပြုလုပ်သွားခဲ့ပါတယ်။ Truth Social app ကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် စတင်လွှင့်တင်ခဲ့ရာတွင် ဆိုးရွားသောအခြေအနေများနှင့် တွေ့ကြုံခဲ့ရပြီး နည်းပညာဆိုင်ရာအခက်အခဲများစွာနှင့် ၁၃ နာရီခန့်ကြာ ပြတ်တောက်မှုဖြစ်ပွားခဲ့ခြင်းတို့အပြီးတွင် ၎င်းတို့ဟာ အဆိုပါ ရာထူးမှနှုတ်ထွက်ခြင်းဟာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ 

စတင် launch ပြုလုပ်ပြီး ၁ လကျော်ခန့်အကြာတွင် Truth Social ဝန်ဆောင်မှုဟာလည်း သိသိသာသာတိုးတက်မှုများ ရှိမလာတာကို တွေ့ရှိရပါတယ်။ အသုံးပြုသူအသစ်များဟာလည်း လူသန်းပေါင်းများစွာနဲ့ချီတဲ့ waitlist များပေါ်တွင် စာရင်းပေး၍ စောင့်ဆိုင်းနေရဆဲပဲဖြစ်ပါတယ်။ Trump ကတော့ အဆိုပါ social media အကြောင်းကို တစ်ကြိမ်သာ post ပြုလုပ်ခဲ့ပြီးနောက် နောက်ထပ်ထပ်မံပြောကြားခြင်းမရှိတော့ဘူးလို့ သိရှိရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။