Twitter’s live audio feature – Spaces functions and how it works

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

8.6.2021 | Twitter ရဲ့ Live Audio Feature တစ်ခုဖြစ်တဲ့ Spaces ၏ Feature များ

Twitter ဟာ Spaces ဟု အမည်ရတဲ့ Live Audio Feature တစ်ခုကို ဒီဇင်ဘာလ ၂၀၂၀ ခုနှစ်က စတင် launch ပြုလုပ်ခဲ့ပြီးနောက် တဖြည်းဖြည်းတည်ဆောက်နေခဲ့သည်မှာ အချိန်အတန်ကြာရှိနေခဲ့ပြီပဲဖြစ်ပါတယ်။ ထိုအရာက Tweets များထက်ပိုမို၍ ချဲ့ထွင်နိုင်ရန်နှင့် ငွေကြေးအကျိုးအမြတ်ရရှိဖို့အတွက် ရည်ရွယ်၍ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ 

Spaces ဟာ ယခုအခါ iOS နှင့် Android တို့တွင် ရရှိနိုင်လျှက်ရှိနေပြီဖြစ်ပြီး Spaces ရဲ့ အလုပ်လုပ်ပုံကို Twitter မှ ထုတ်ဖော်ပြောကြားချက်အရ Space တစ်ခုကို ဝင်ရောက်ခြင်းမပြုမှီတွင် သင့်အနေနဲ့ pop-up window တစ်ခုအနေနဲ့ တွေ့မြင်ရမှာဖြစ်ပြီး အကျဉ်းချုံးရှင်းလင်းဖော်ပြချက်နှင့် Room ရဲ့ အရွယ်အစားအပေါ် မူတည်၍ အဆိုပါ Space တွင် ပါဝင်နေသူအချို့ (သို့) အားလုံးကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ 

အဆိုပါ Space သို့ ဝင်ရောက်ပြီးနောက်တွင် သင့်အနေနဲ့ ဆက်လက်၍ browsing ပြုလုပ်နေနိုင်မှာဖြစ်ပြီး Space ကိုတော့ screen ရဲ့ ညာဖက်ထောင့်တွင် minimized window အနေနဲ့ trending နှင့် topics များကိုတွေ့မြင်နိုင်သည့်နေရာတွင် တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ အဆိုပါ pop-up တွင် နားမကြားသူများနှင့် နားလေးနေသူများ (သို့) အသံကိုပိတ်ထားသော်လည်း စကားဝိုင်းအတွင်း ပြောဆိုနေမှုများကို သိရှိလိုသူများအတွက် စာတန်းထိုး၍လည်း ဖော်ပြသွားမှာဖြစ်ပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။