Twitter is struggling with India’s tightening rules for online speech

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

16.7.2022 | အိန္ဒိယနိုင်ငံရဲ့ Online ပေါ်ရှိ ပြောဆိုဆက်သွယ်မှုများအပေါ် တင်းကြပ်လာတဲ့ ဥပဒေများကြောင့် အကြပ်ရိုက်နေတဲ့ Twitter 

အိန္ဒိယနိုင်ငံအာဏာပိုင်များဟာ တင်းကြပ်ပြင်းထန်တဲ့ Online ပေါ်ရှိ ပြောဆိုဆက်သွယ်မှုဆိုင်ရာ ဥပဒေများကို ထုတ်ပြန်ခဲ့တဲ့အတွက် Twitter က ၎င်းတို့ကိုတရားစွဲဆိုထားလိုက်ပြီဖြစ်ကြောင်း ဇူလိုင်လ ၅ ရက်နေ့က ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။ 

အဆိုပါ တရားစွဲဆိုမှုဟာ အိန္ဒိယအစိုးရမှ အိန္ဒိယနိုင်ငံဆိုင်ရာ ကြမ်းတမ်းသောစကားလုံးနှင့် အသရေဖျက်မှုဆိုင်ရာဥပဒေကို ချိုးဖောက်လျှက်ရှိနေတဲ့ အကောင့်များနဲ့ post များကို ပယ်ဖျက်စေဖို့ Twitter အား အမိန့်ပေးခဲ့တဲ့ကိစ္စကနေ စတင်ခဲ့တာဖြစ်ပါတယ်။ New York Times မှ ရေးသားထားတဲ့ သတင်းများအရ ယခုအခါတွင် Twitter က အဆိုပါ post များကို ဖယ်ရှားပေးခဲ့ပြီးဖြစ်သော်လည်း နောင်အခါများတွင် ထိုသို့သော အမိန့်ပေးမှုများကို ရှောင်ရှားနိုင်ရန်အတွက် တရားဥပဒေအကာအကွယ်ကို ရရှိနိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ မေလအတွင်းကလည်း Online content များအတွက် IT ဥပဒေအသစ်များကို အိန္ဒိယနိုင်ငံတွင် စတင်ထုတ်ပြန်ခဲ့ပြီး မကြာမှီတွင် Twitter ရဲ့ အိန္ဒိယနိုင်ငံတွင်းရှိရုံးခန်းများကို ရဲအရာရှိများဖြင့် ဝင်ရောက်စီးနင်းခဲ့ကြပါတယ်။ ယခုဇူလိုင်လအတွင်းမှာတော့ အိန္ဒိယနိုင်ငံ အာဏာပိုင်များက Twitter ကို အသုံးပြုနေသူများမှ အနာဂါတ်တွင်ချိုးဖောက်လာနိုင်သည့် ဥပဒေများအတွက် Twitter ကို အရေးယူသွားမည်ဟု ခြိမ်းခြောက်ခဲ့တယ်လို့ သိရှိရပါတယ်။  

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။