Twitter has launched its new subscription service – Twitter Blue in Australia and Canada 

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

13.6.2021 | Twitter မှ သူတို့ရဲ့ subscription ဝန်ဆောင်မှုအသစ်ဖြစ်သော Twitter Blue ကို ဩစတေးလျှ နှင့် ကနေဒါနိုင်ငံများတွင် စတင်ထုတ်လွှင့်ခဲ့ 

Twitter ဟာ သူတို့ရဲ့ subscription ဝန်ဆောင်မှုအသစ်ဖြစ်တဲ့ Twitter Blue ကို ဩစတေးလျှနှင့် ကနေဒါနိုင်ငံများတွင် ဇွန်လ ၃ ရက်နေ့၊ ၂၀၂၁ ခုနှစ်က စတင်ထုတ်လွှင့်ပေးခဲ့ပါတယ်။ Twitter ရဲ့ ကြေငြာချက်အရ အဆိုပါ အပိုဆောင်းဝန်ဆောင်မှုတွင် “Undo Tweet” button, bookmarks များနှင့် reader mode ကဲ့သို့သောလုပ်ဆောင်ချက်များကိုထည့်သွင်းထားလျှက်ရှိပါတယ်။ 

ကုမ္ပဏီရဲ့ပြောဆိုချက်အရ “ယခုကဲ့သို့ အကန့်အသတ်ဖြင့် launch ပြုလုပ်ခြင်းဟာ အသုံးပြုသူများဖက်မှ မည်သို့သောအရာများကိုလိုအပ်နေကြသလဲဆိုသည်အား ပိုမို၍နက်ရှိုင်းစွာနားလည်နိုင်စေဖို့ စီစဉ်လိုက်တာဖြစ်ပါတယ်။” သို့သော် Twitter ရဲ့ free-to-use version ကိုလည်း ဆက်လက်၍ အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။ 

သတင်းများအရတော့ ယခု subscription အသစ်ဟာ တစ်လလျှင် ကနေဒါဒေါ်လာဖြင့် ၃.၄၉ ကျသင့်မှာဖြစ်ပြီး ဩစတေးလျှဒေါ်လာဖြင့် ၄.၄၉ ကျသင့်မှာဖြစ်ကာ အခြားသောနိုင်ငံများအတွက် Release date ကိုတော့ လက်ရှိအချိန်တွင် အတည်ပြုပြောကြားခဲ့ခြင်းမရှိသေးကြောင်း သိရှိရပါတယ်။  

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။