Twitter brings NFTs into timelines as hexagon-shaped profile pictures

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

2.2.2022 | Twitter မှ ဆဌဂံပုံစံဒီဇိုင်းနှင့် NFT များကို timeline များပေါ်သို့ ယူဆောင်လာ 

Twitter က non-fungible token (NFT) များကို အသုံးပြုသူများအနေနဲ့ သုံးစွဲနိုင်မယ့်နည်းလမ်းတစ်ခုကို ထည့်သွင်းပေးမည်ဟု ပြီးခဲ့တဲ့စက်တင်ဘာလကတည်းက ပြောကြားခဲ့ပြီးနောက် ယခုအခါ အဆိုပါ feature ကို စတင်အသုံးပြု၍ ရနိုင်ပြီဖြစ်ပါတယ်။ သင်ဟာ Twitter Blue subscription ကို ကန်ဒေါ်လာ ၂.၉၉ ဖြင့် ဝယ်ယူထားသူဖြစ်ပြီး iOS device ကို အသုံးပြုနေသူဖြစ်ပါက NFT များကို သင့်ရဲ့ profile picture အနေနဲ့ ထားရှိလို့ ရနိုင်နေပြီဖြစ်ပါတယ်။ 

အဆိုပါ feature ကို စတင်ထုတ်လွှင့်စဉ်က Twitter ဟာ user များအနေနဲ့ ၎င်းတို့ရဲ့ NFT token များကို အတည်ပြုနိုင်ရန်အတွက် Argent, Coinbase Wallet, Ledger Live, Meta Mask, Rainbow နှင့် Trust Wallet အစရှိတဲ့ crypto wallet အချို့ကို ၎င်းတို့ရဲ့ profile များနဲ့ ချိတ်ဆက်နိုင်ဖို့ကိုလည်း support ပြုလုပ်ပေးခဲ့ပါတယ်။ 

NFT များဆိုသည်မှာ unique ဖြစ်တဲ့ digital item များဖြစ်ပြီး ၎င်းတို့ရဲ့ ပိုင်ဆိုင်မှုကို ရောင်းချခြင်းနှင့် ဝယ်ယူခြင်းပြုလုပ်ခြင်းတို့ကို blockchain စနစ်ကိုအသုံးပြု၍ ဘယ်သူတွေက အဆိုပါ NFT များကို ပိုင်ဆိုင်ထားလဲဆိုသည်ကို မှတ်တမ်းတင်ပေးနိုင်သော စနစ်တစ်ခုပဲဖြစ်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။