Twitter appoints Elon Musk to its board of directors

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

18.4.2022 | Twitter မှ Elon Musk ကို ၎င်းတို့ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဝင်တစ်ဦးအဖြစ်ခန့်အပ်ခဲ့ 

Twitter မှ Tesla CEO Elon Musk ကို ၎င်းတို့ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဝင်တစ်ဦးအဖြစ် ခန့်အပ်ခဲ့ပါတယ်။ အမေရိကန် Securities and Exchange Commission ထံသို့ ပေးပို့ခဲ့တဲ့ စာရွက်စာတမ်းများအရ Musk ဟာ အဆင့် (၂) ဒါရိုက်တာအနေနဲ့ ၂၀၂၄ ခုနှစ်အထိ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။ 

Tweet အချို့တွင် ရေးသားထားချက်များအရ - Twitter CEO Parag Agrawal မှ Musk ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့အတွင်းက ရာထူးအသစ်ကို အတည်ပြုပြောကြားခဲ့ပြီး Musk ကို သူက “စိတ်အားထက်သန် တက်ကြွသော ယုံကြည်သူတစ်ဦးဖြစ်ပြီး သူတို့ရဲ့ ဝန်ဆောင်မှုအပေါ် အားမနာတမ်းဝေဖန်တတ်သူတစ်ဦးဖြစ်တယ်” လို့ ခေါ်ဆိုခဲ့ပါတယ်။ Musk ကတော့ Twitter မှတဆင့် - “သူဟာ Twitter ထံသို့ လာမည့်လများအတွင်း သိသာတဲ့ပြောင်းလဲမှုများကို ဆောင်ကြဉ်းပြုလုပ်ပေးနိုင်ဖို့အတွက် အလွန်စိတ်အားထက်သန်မှုရှိနေပါတယ်” ဟူ၍ ပြောကြားတုန့်ပြန်မှုပြုလုပ်ခဲ့ပါတယ်။ 

Twitter platform ပေါ်တွင် လွတ်လပ်စွာပြောဆိုပိုင်ခွင့်နှင့် ပတ်သက်ပြီး complain များပြုလုပ်ခဲ့ဖူးသော Musk ဟာ ဧပြီ ၄ ရက်နေ့တွင် SEC filing မှတဆင့် Twitter ထံမှ ရှယ်ယာ ၉.၂ ရာခိုင်နှုန်းကို ဝယ်ယူခဲ့ကြောင်း ကြေငြာမှုပြုလုပ်ခဲ့ပါတယ်။ Musk ရဲ့ အဆိုပါဝယ်ယူမှုကြောင့် သူဟာ Twitter ကုမ္ပဏီအတွင်း တစ်ဦးချင်းရှယ်ယာပိုင်ဆိုင်မှုအများဆုံးသော သူတစ်ဦးဖြစ်လာခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။