Twitter announced a competition to help them fix a bias in their algorithm 

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

4.8.2021 | သူတို့ရဲ့ algorithm အတွင်း ဘက်လိုက်မှုများရှိနေခြင်းကို ကူညီပြုပြင်ပေးနိုင်ရန် Twitter မှ ပြိုင်ပွဲတစ်ခုကျင်းပပေးခဲ့ 

ကွန်ပျူတာသုသေသနပညာရှင်များနှင့် Hacker များကို သူတို့ရဲ့ Picture Cropping Algorithm အတွင်း ထင်ရှားတဲ့ လူမျိုးရေးနှင့် လိင်ခွဲခြားဘက်လိုက်မှုများရှိနေခြင်းကို ကူညီပြင်ဆင်ပေးဖို့အတွက် Twitter မှ ပြိုင်ပွဲတစ်ခုသဖွယ်ကျင်းပပေးခဲ့ပြီး အနိုင်ရရှိသူအနေနဲ့ ကန်ဒေါ်လာ ၃၅၀၀ အထိ ဆုကြေးငွေရရှိမှာဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ 

အဆိုပါ Bug Bounty ပြိုင်ပွဲဟာ “Algorithm အတွင်း ကျွန်ုပ်တို့ရှာဖွေတွေ့ရှိထားသည့်အချက်များရဲ့ နောက်ပိုင်းတွင် ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်မှုများကို ရှာဖွေတွေ့ရှိနိုင်ရန်အတွက် ရည်ရွယ်ထားတာဖြစ်ပါတယ်” ဟူ၍ Twitter က blog post တစ်ခုပေါ်တွင် ရေးသားထားခဲ့ပါတယ်။ အနိုင်ရရှိသူအနေနဲ့ ကန်ဒေါ်လာ ၃၅၀၀ ကို ငွေသားဖြင့် ရရှိသွားမှာဖြစ်ပြီး runner-up များကိုလည်း ဆုငွေများ ချီးမြှင့်သွားမှာဖြစ်ကြောင်း သိရှိရပါတယ်။

အဆိုပါ challenge ကို သုသေသနပြုလုပ်သူအဖွဲ့တစ်ဖွဲ့က Twitter ရဲ့ algorithm ဟာ လူဖြူများကိူ လူမည်းများထက် ပိုမို၍အသားပေးလျှက်ရှိပြီး အမျိုးသမီးများကို အမျိုးသားများထက်ပို၍ အသားပေးဖော်ပြလျှက်ရှိနေတာကို ဖော်ထုတ်နိုင်ခဲ့ပြီးနောက်တွင် Twitter မှ ပြုလုပ်ပေးခဲ့တာပဲဖြစ်ပါတယ်. 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။