Twitter acquired messaging app Quill to further improve their messaging services

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

12.12.2021 | Messaging ဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်အောင်ပြုလုပ်နိုင်ဖို့အတွက် Twitter မှ Quill ဟုအမည်ရတဲ့ messaging app ကို ဝယ်ယူမှုပြုလုပ်ခဲ့ 

Twitter ဟာ Slack ကဲ့သို့သော messaging app တစ်ခုဖြစ်တဲ့ Quill ကို direct message (DM) များအပါအဝင် ၎င်းတို့ရဲ့ messaging ဝန်ဆောင်မှုများအား ပိုမိုတိုးတက်ကောင်းမွန်မှုရှိစေရန် ဆောင်ရွက်နိုင်ဖို့အတွက်ရည်ရွယ်၍ ဝယ်ယူမှုပြုလုပ်ခဲ့တယ်လို့ Twitter မှ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ကြေငြာမှုပြုလုပ်ခဲ့ပါတယ်။

ဒီသဘောတူညီချက်ကို ကြေငြာမှုပြုလုပ်ခဲ့တဲ့ tweet တစ်ခုတွင် Twitter တွင် general manager for core tech အဖြစ်တာဝန်ထမ်းဆောင်လျှက်ရှိသော Nick Caldwell မှ “Quill ဟာ ပိုမိုသစ်လွင်မှုရှိပြီး ဆက်သွယ်မှုများကို ပိုမိုကောင်းမွန်စွာပြုလုပ်နိုင်မည့်နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ဝန်ဆောင်မှုများပေါ်တွင် အသုံးပြုသူများအနေနဲ့ စကားစမြည်ပြောဆိုမှုများပြုလုပ်ရာတွင် မိမိတို့ရဲ့ ခံစားမှုများကို ပြသနိုင်ရန်နှင့် ပိုမိုပြီးအသုံးဝင်မှုရှိလာစေရန်အတွက်ရည်ရွယ်၍ DM ကဲ့သို့သော messaging tools များကိုဖန်တီးရာတွင် သူတို့ရဲ့ ကျွမ်းကျင်မှု၊ အတွေ့အကြုံများနှင့် တီထွင်ဆန်းသစ်မှုများကို Twitter သို့ သယ်ဆောင်လာမှာဖြစ်ပါတယ်။ “ ဟူ၍ ပြောကြားခဲ့ပါတယ်။ 

Quill ကို ပိတ်သိမ်းသွားမှာဖြစ်ပြီး ၎င်းရဲ့အဖွဲ့ဝင်များကတော့ Twitter ရဲ့ Experience org သို့ ဝင်ရောက်လာကြမှာဖြစ်တယ်လို့ သိရှိရပြီး ဒီသဘောတူညီချက်ရဲ့ အသေးစိတ်အချက်အလက်များကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။