Toyota will Invest $13.6 Billion in EV Battery Production

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

19.9.2021 | လျှပ်စစ်ကားဘက်ထရီများထုတ်လုပ်ရေးတွင် Toyota မှ ကန်ဒေါ်လာ ၁၃.၆ ဘီလျံခန့် ရင်းနှီးမြှုပ်နှံသွားမည်

စက်တင်ဘာလ ၇ ရက်နေ့တွင် Toyota မှ ယခုနှစ်မှ ၂၀၃၀ ခုနှစ်အတွင်း လျှပ်စစ်ကားဘက်ထရီများ အတွက် ကန်ဒေါ်လာ ၁၃.၆ ဘီလျံ အသုံးပြုသွားရန်ရှိကြောင်းနှင့် ထိုအထဲကမှ ကန်ဒေါ်လာ ၉ ဘီလျံကိုတော့ ဘက်ထရီများထုတ်လုပ်ရေးတွင် အသုံးပြုသွားမှာဖြစ်ပြီး ၂၀၃၀ ခုနှစ် နှစ်ကုန်ခန့်တွင် တစ်နှစ်လျှင် 180 – 200 GWh ထုတ်လုပ်သွားနိုင်ဖို့အတွက် ရည်မှန်းထားကြောင်း ကြေငြာခဲ့ပါတယ်။ 

“ကျွန်ုပ်တို့ရဲ့ customer များအနေနဲ့ စိတ်ချယုံကြည်စွာအသုံးပြုနိုင်မယ့် ဘက်ထရီများကိုထုတ်လုပ်နိုင်ဖို့အတွက် Toyota မှ အလေးအနက်ထားလုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အထူးသဖြင့် ကျွန်ုပ်တို့ဟာ - လုံခြုံစိတ်ချရမှုရှိရေး၊ သက်တမ်းကြာရှည်မှုရှိရေးနှင့် အရည်အသွေးမြင့်မားကောင်းမွန်မှုရှိရေးတို့အပေါ် အလေးထားဆောင်ရွက်သွားမှာဖြစ်ပြီး ကောင်းမွန်၍ ဈေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ ဘက်ထရီများထုတ်လုပ်နိုင်ဖို့ ရည်မှန်းထားပါတယ်” ဟူ၍ Chief Technology Officer ဖြစ်သူ Masahiko Maeda မှ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ 

၂၀၂၅ ခုနှစ်တွင် Toyota ဟာ ဘက်ထရီများရဲ့ကုန်ကျစားရိတ်ကို ကားတစ်စီးလျှင် ၅၀% ခန့် သက်သာမှုရှိလာစေရန်လည်း အစီအစဉ်များပြုလုပ်လျှက်ရှိနေပြီး ဘက်ထရီထုတ်လုပ်မှုကုန်ကျစားရိတ်များကို ၃၀% ခန့်လျှော့ချနိုင်ရန်နှင့် ဘက်ထရီများရဲ့ စွမ်းဆောင်ရည်ကို ၃၀% ပိုမိုတိုးမြှင့်ပေးနိုင်စေဖို့အတွက်လည်း ဆောင်ရွက်လျှက်ရှိနေပြီဖြစ်ကြောင်း သိရှိရပါတယ်။  

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။