Toyota shuts down its Japanese factories after reported cyberattack

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

12.3.2022 | ဆိုက်ဘာတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့သောကြောင့် Toyota မှ ဂျပန်နိုင်ငံရှိစက်ရုံများကို ပိတ်သိမ်းခဲ့ရ 

ဆိုက်ဘာတိုက်ခိုက်မှုတစ်ခုကြောင့် Toyota ဟာ ဂျပန်နိုင်ငံရှိ စက်ရုံများကိုပိတ်သိမ်းမှုပြုလုပ်ခဲ့ရပြီး ကားထုတ်လုပ်မှုအပိုင်းတွင် အစီးရေ ၁၃,၀၀၀ ခန့် ထုတ်လုပ်မှုနှောင့်နှေးခဲ့ရကြောင်း Reuters မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။ 

အဆိုပါတိုက်ခိုက်မှုဟာ ကုမ္ပဏီရဲ့ ပလတ်စတစ်နှင့် လျှပ်စစ်ပစ္စည်းအစိတ်အပိုင်းထုတ်လုပ်မှုများရဲ့ supplier ဖြစ်သူကို ဦးတည်ပစ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အဆိုပါဆိုက်ဘာတိုက်ခိုက်မှုကို မည်သူကပြုလုပ်ခဲ့သလဲဆိုတာနဲ့ပတ်သက်၍ သတင်းအတိအကျသိရှိနိုင်ခြင်းမရှိသေးသော်လည်း ဂျပန်ဝန်ကြီးချုပ် Fumio Kishida ကတော့ သတင်းထောက်များကို ၎င်းတို့ရဲ့အစိုးရအဖွဲ့ပိုင်းမှ လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ 

Toyota ရဲ့ ပြောကြားချက်အရတော့ အဆိုပါတိုက်ခိုက်မှုဟာ supplier တစ်ဦးဖြစ်တဲ့ Kojima Industries ကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဆိုပါအဖြစ်အပျက်ကြောင့် ၎င်းတို့အနေနဲ့ assembly line ၂၈ ခုနှင့် စက်ရုံ ၁၄ ခုကို ပိတ်သိမ်းခဲ့ရပြီး နေ့ဆိုင်း/ ညဆိုင်းဝန်ထမ်းများအပေါ်လည်း အကျိုးသက်ရောက်မှုများရှိစေခဲ့ပါတယ်။ “ဒီဖြစ်ရပ်ကြောင့် ဖြစ်ပေါ်လာရတဲ့အဆင်မပြေမှုများအတွက် ကျွန်ုပ်တို့နဲ့ဆက်စပ်နေသော supplier များနဲ့ customer များကို အထူးတောင်းပန်ပါတယ်” ဟူ၍လည်း Toyota မှ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။