Toyota Motors Acquired U.S Based Map Data firm for Driverless Vehicles

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

24.7.2021 | မောင်းသူမဲ့ယာဉ်များအတွက် အမေရိကအခြေစိုက် Map Data လုပ်ငန်းတစ်ခုကို Toyota Mortors မှ ဝယ်ယူခဲ့ 

Reuters မှ သတင်းတစ်ပုဒ်အရ Toyota Mortor Corporation ရဲ့ သုသေသနပြုလုပ်ရေးအဖွဲ့မှ ကုမ္ပဏီဟာ အမေရိကအခြေစိုက် မြေပုံနှင့် ဒေတာအချက်အလက်လုပ်ငန်းတစ်ခုဖြစ်တဲ့ Carmera ကို မောင်းသူမဲ့ယာဉ်များအတွက် ဝယ်ယူခဲ့ကြောင်း ဇူလိုင်လ ၁၅ ရက်နေ့က ကြေငြာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။ 

အဆိုပါဝယ်ယူမှုကို လတ်တလောက ထူထောင်လိုက်တဲ့ ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ Woven Planet မှ တဆင့် ပြုလုပ်ခဲ့တာဖြစ်ပြီး မည်မျှကျသင့်ခဲ့သလဲဆိုတာကိုတော့ ထုတ်ဖော်ပြောကြားသွားခြင်းမရှိပါဘူး။ မည်သို့ပင် ဆိုစေကာမူ Carmera ကို ဝယ်ယူလိုက်ခြင်းအားဖြင့် Toyota အနေနဲ့ autonomous vehicle များအနေနဲ့ အလိုအလျှောက်မောင်းနှင်နိုင်ဖို့အတွက် မရှိမဖြစ်အရေးပါတဲ့ real-time high-definition မြေပုံများနဲ့ ဒေသတွင်းနေထိုင်သူများမှ update ပြုလုပ်ပေးမယ့် input အချက်အလက်များကိုရရှိနိုင်မှာဖြစ်တယ်လို့ ကုမ္ပဏီနှစ်ခုစလုံးမှ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားသွားခဲ့ပါတယ်။ 

Woven Planet ရဲ့ Chief Executive ဖြစ်သူ James Kuffner ကတော့ Woven Planet အနေနဲ့ သူတို့ရဲ့ Open Map Platform ကို အဆင့်မြှင့်တင်မှုများပြုလုပ်သွားပြီးနောက် တိကျပြီး အမြဲတမ်း update ဖြစ်နေတဲ့ ဒေတာများကို လိုချင်သော Original Equipment ထုတ်လုပ်သူများနဲ့ ကားထုတ်လုပ်သူများထံသို့ ပြန်လည်ရောင်းချသွားမှာဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့ပါသေးတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။