Toyota announced plans to spend $3.4 billion to boost battery production in U.S

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

23.10.2021 | အမေရိကန်နိုင်ငံအတွင်း battery ထုတ်လုပ်မှုကို မြှင့်တင်နိုင်ရန် Toyota မှ ကန်ဒေါ်လာ ၃.၄ ဘီလျံ အသုံးပြုသွားရန်ရှိကြောင်း ကြေငြာခဲ့ 

အောက်တိုဘာလ ၁၈ ရက်နေ့တွင် Toyota မှ အမေရိကန်နိုင်ငံအတွင်း battery ထုတ်လုပ်မှုကို မြှင့်တင်နိုင်ရန် ကန်ဒေါ်လာ ၃.၄ ဘီလျံ အသုံးပြုသွားရန်ရှိကြောင်း ကြေငြာချက်တစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။ 

အဆိုပါရင်းနှီးမြှုပ်နှံမှုရဲ့ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ Toyota ရဲ့ ပြောကြားချက်အရ ၎င်းတို့ရဲ့ Toyota Tsusho ကုမ္ပဏီခွဲရဲ့အကူအညီဖြင့် နောက်ထပ်ကုမ္ပဏီအသစ်တစ်ခုကို တည်ထောင်သွားမှာဖြစ်ပြီး အမေရိကန်နိုင်ငံအတွင်းတွင် ဘက်ထရီထုတ်လုပ်ရေးစက်ရုံတစ်ခုကို တည်ဆောက်သွားမှာဖြစ်ပါတယ်။ အဆိုပါ ပရောဂျက်အတွက် ၂၀၃၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် Toyota မှ ကန်ဒေါ်လာ ၁.၂၉ ဘီလျံအထိ အသုံးပြုသွားရနိုင်တယ်ဟု ခန့်မှန်းထားကြောင်း သိရှိရပါတယ်။ 

Toyota ရဲ့ပြောဆိုချက်အရ မကြာခင်မှာ စက်ရုံတည်ဆောက်မည့်နေရာအပါအဝင် အဆိုပါ project နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်။ အဆိုပါစက်ရုံအနေနဲ့ ၂၀၂၅ ခုနှစ်ခန့်တွင် စတင်၍ထုတ်လုပ်မှုများကို ပြုလုပ်သွားနိုင်ဖို့ မျှော်မှန်းထားပြီး ကနဦးအနေနဲ့ hybrid လျှပ်စစ်ကားဘက်ထရီများထုတ်လုပ်နိုင်ဖို့ ဦးစားပေးပြုလုပ်သွားမှာဖြစ်ပါတယ်။ Toyota ရဲ့ ခန့်မှန်းထားချက်များအရ အဆိုပါပရောဂျက်ဟာ အလုပ်အကိုင်ပေါင်း ၁,၇၅၀ ခန့်ကို ဖော်ဆောင်ပေးနိုင်မှာဖြစ်ကြောင်းကိုလည်း သိရှိခဲ့ရပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။