Top Chinese live-streamer was fined $210 million for tax evasion

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

2.1.2022 | တရုတ်နိုင်ငံရှိ ထိပ်တန်း live-streamer တစ်ဦးကို အခွန်ငွေရှောင်လွှဲမှုဖြင့် ကန်ဒေါ်လာ သန်း ၂၁၀ ဒဏ်ရိုက်ခဲ့ 

တရုတ်နိုင်ငံရှိ ထိပ်တန်း live-streamer တစ်ဦးဖြစ်တဲ့ Huang Wei (Viya) ကို အခွန်ငွေရှောင်လွှဲမှုကြောင့် ၁.၃၄ ဘီလျံယွမ် (ကန်ဒေါ်လာ သန်း ၂၁၀) ဒဏ်ရိုက်ခံခဲ့ရတယ်လို့ သိရှိရပါတယ်။ 

သတင်းများအရ သူမဟာ follower သန်းပေါင်းများစွာရှိသော နာမည်ကျော်ကြားတဲ့ internet celebrity တစ်ဦးဖြစ်ပြီး သူမရဲ့ platform ကိုအသုံးပြု၍ များစွာသောထုတ်ကုန်များကို ရောင်းချနိုင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ 

သူမကို တရုတ်နိုင်ငံရဲ့ “live-streaming ဘုရင်မ” ဟူ၍ တင်စားခေါ်ဝေါ်ကြပြီး တရုတ်နိုင်ငံအခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Taobao platform ပေါ်တွင် ခေါက်ဆွဲခြောက်များမှစ၍ စီးပွားဖြစ် ဒုံးပျံလွှတ်တင်ခြင်းအထိ ရောင်းချခဲ့သူတစ်ဦးဖြစ်ပြီး Time Magazine တွင် ၂၀၂၁ ခုနှစ်ရဲ့ ထိပ်တန်း အလွှမ်းမိုးနိုင်ဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် ဖော်ပြခံခဲ့ရသူတစ်ဦးလည်းဖြစ်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။