Top 10 Best Selling Phones in the First Quarter of 2020

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

18.5.2020 | ၂၀၂၀ ခုနှစ်၏ ပထမနှစ်ဝက်ပိုင်းတွင် ရောင်းအားအကောင်းဆုံး ဖုန်း (၁၀) လုံး

Canalys ဟုအမည်ရသော analysis (လေ့လာအကဲဖြတ်မှုများ) ပြုလုပ်ပေးသောကုမ္ပဏီမှ ပုံမှန် အတိုင်း ရောင်းအားအကောင်းဆုံး စမတ်ဖုန်းများ၏စာရင်းကို ထုတ်ပြန်ခဲ့ပါသည်။ ၂၀၂၀ ရဲ့ ပထမ နှစ်ဝက်တွင် Brand () မျိုးသာလျှင် ထိပ်ဆုံးဖုန်း (၁၀) လုံးစာရင်းတွင် ပါဝင်ခဲ့ကြပါတယ်။ ထို Brand များမှာ - Apple, Samsung နှင့် Xiaomi တို့ဖြစ်ကြပါတယ်။

ဒီတစ်ခါတွင်တော့ iPhone 11 ဟာ အခြားသောဖုန်းမော်ဒယ်များရဲ့  () ထက်ပိုသော ရောင်းအား ပမာဏဖြင့်  ဖုန်းအလုံးရေ ၁၈သန်းခန့်ရောင်းချခဲ့ရပြီး ပထမနေရာကိုရယူခဲ့နိုင်ပါ တယ်။ Xiaomi Redmi Note 8/ 8T ဟာ ဖုန်းအလုံးရေ ၈သန်းခန့်ရောင်းချခဲ့ရပြီး ဒုတိယနေရာကိုရရှိခဲ့ပါတယ်။ ထို့နောက်တွင်တော့ Samsung Galaxy A51 ဟာ အလုံးရေ ၅သန်းရောင်းချခဲ့ရပြီး တတိယနေရာ မှ လိုက်လို့နေပါတယ်။ ထိပ်ဆုံးဖုန်း (၁၀) လုံး၏စာရင်းတွင် Samsung ဖုန်း () လုံးပါဝင်ခဲ့ပြီး ထို ဖုန်းအားလုံးဟာ A စီးရီးဖုန်းများြဖစ်ကြပါတယ်။ ဒီဖုန်းများရဲ့ ပါဝင်ပစ္စည်းများဟာ S စီးရီး စမတ်ဖုန်း များထက် အနည်းငယ်စွမ်းဆောင်ရည်နိမ့်ကျသော်လည်း၊ ဈေးနှုန်းမှာလည်း  အလွန်ပိုမိုချိုသာမှုရှိပါ တယ်။ အဆိုပါစာရင်းတွင် ဖုန်းမော်ဒယ် () ခုပါဝင်ခဲ့သော Xiaomi ရဲ့ Redmi စီးရီးဟာလည်း ဒီ တရုတ်ဖုန်းကုမ္ပဏီရဲ့ ပိုမိုဈေးသက်သာတဲ့ ရောင်းချမှုများတွင်ပါဝင်နေပါတယ်။ နောက်ထပ် Apple မှ ဖုန်းနှစ်လုံးလည်းပါဝင်နေပါသေးတယ်။ iPhone 11 Pro နဲ့ 11 Pro Max တု့ိဖြစ်ကြပြီး သူတို့ဟာ နံပါတ် () နဲ့ နံပါတ် (၁၀) တွင် အသီးသီးနေရာယူထားကြပါတယ်။

 

Unicode



သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။