TikTok will start to share ad revenue with creators

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

17.5.2022 | TikTok မှ creator များကို ကြော်ငြာများမှ ရရှိလာမည့် အမြတ်ငွေများအားခွဲဝေပေးသွားမည် 

TikTok ဟာ creator များအတွက် ပိုက်ဆံရှာဖွေနိုင်မည့် အခွင့်လမ်းတစ်ခုကို ဖွင့်လှစ်ပေးလိုက်ပြီပဲဖြစ်ပါတယ်။ ထိပ်တန်း creator များရဲ့ အချို့သော ကြော်ငြာများ ၎င်းတို့ရဲ့ video များတွင် ပါဝင်လာသည့်အခါ ကုမ္ပဏီရဲ့ အမြတ်ငွေထဲက တစိတ်တပိုင်းကို အဆိုပါ creator များအား ပြန်လည်ဝေဌပေးသွားရန်အတွက် စီစဉ်လျှက်ရှိနေပါတယ်။ 

“TikTok Pulse လို့ အမည်ပေးထားတဲ့ အဆိုပါအစီအစဉ်တွင် TikTok ပေါ်ရှိ  ထိပ်တန်း လူကြည့်အများဆုံး video များရဲ့ ၄% တွင် ကြော်ငြာများကို ထည့်သွင်းဖော်ပြသွားရန် ခွင့်ပြုပေးသွားမှာဖြစ်ပါတယ်” ဟူ၍ TikTok မှ ၎င်းတို့ရဲ blogpost တစ်ခုတွင် ရေးသားထားခဲ့ပါတယ်။ Creator များနဲ့ publisher များအနေနဲ့ သူတို့ရဲ့ video များတွင် ကြော်ငြာများပါဝင်လာတဲ့အခါ အဆိုပါအစီအစဉ်အတိုင်း TikTok ရဲ့ ကြော်ငြာများမှရရှိသော အမြတ်ငွေတစိတ်တပိုင်းကို ရရှိနိုင်ဖို့အတွက်  အနည်းဆုံး follower ပေါင်း ၁၀၀,၀၀၀ ခန့် ရှိဖို့တော့လိုအပ်မှာဖြစ်ပါတယ်။ 

“TikTok ဟာ Pulse မှ ရရှိလာတဲ့ ကြော်ငြာခများရဲ့ ၅၀ ရာခိုင်နှုန်းကို အတည်ပြုထားတဲ့ creator များထံသို့ ပြန်လည်ပေးအပ်မျှဝေပေးသွားမှာဖြစ်ပါတယ်” ဟူ၍ TikTok ရဲ့ မြောက်အမေရိကတိုက် Global Business Solutions GM တစ်ဦးဖြစ်သူ Sandie Hawkins က The Verge သို့ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။ Hawkins ရဲ့ ပြောကြားချက်အရ TikTok Pulse ကို အမေရိကတိုက်တွင် ဇွန်လတွင်စတင်၍ launch ပြုလုပ်ပေးသွားမှာဖြစ်ပြီး အခြားသောဈေးကွက်များထံသို့တော့ ယခုနှစ်ရဲ့ ဆောင်းဦးရာသီတွင် ရောက်ရှိလာနိုင်ကြောင်း သိရှိရပါတယ်။ 
 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။