TikTok starts testing a horizontal full-screen mode

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

11.1.2023 | TikTok မှ Horizontal full-screen mode ကို စတင်စမ်းသပ်လျှက်ရှိနေ

TikTok မှ ယခုအခါ  horizontal full-screen mode ကိုစတင်စမ်းသပ်လျှက်ရှိနေပါတယ်။ TechCrunch မှ သတင်းတစ်ပုဒ်အရ ရွေးချယ်ခြင်းခံရသော TikTok user အချို့အနေနဲ့ ပုံမှန် ထောင့်မှန်စတုဂံနှင့် စတုရန်းပုံ video များကိုကြည့်ရှုနိုင်မည့် full-screen button အသစ်တစ်ခုကို စတင်တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ ဒီ button ဟာ YouTube တွင်ပါဝင်သည့် button ကဲ့သို့ TikTok video များကို ရေပြင်ညီ full-screen mode သို့ ပြောင်းလဲပေးနိုင်မည့်အရာကို တွေ့မြင်ရနိုင်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်အတွင်း အဆိုပါ full-screen button ကို user အချို့မှ သတိပြုမိခဲ့ကြပြီးနောက် TikTok မှ ဒီစမ်းသပ်လုပ်ဆောင်ချက်ကို TechCrunch သို့ အတည်ပြုပြောကြားပေးခဲ့ပါတယ်။ ယခုအခါ ၎င်းတို့ရဲ့ social video network ကို YouTube ကဲ့သို့ အနီးစပ်ဆုံးတူလာစေတော့မှာပဲဖြစ်ပါတယ်။

TikTok ကို YouTube နဲ့မတူပဲ ကွဲပြားနေစေတဲ့ အချက်က TikTok ရဲ့ portrait video များအပေါ် အသားပေးထားတဲ့ပုံစံဖြစ်ပြီး ဒီအရာကြောင့် video ဖန်တီးပြုလုပ်သူများအနေနဲ့ TikTok နှင့် YouTube အတွက် video များကို ဖန်တီးပြုလုပ်ရာတွင် သီးခြား video များကို ဖန်တီးပြုလုပ်နေရပြီး ယခုအခါမှာတော့ မကြာမှီတွင် video format တစ်မျိုးတည်းကို platform (၂) ခုစလုံးပေါ်တွင် တင်ဆက်ပေးနိုင်တော့မှာဖြစ်ပါတယ်။

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။