TikTok’s Chinese Version App - Douyin Places New Limitations Upon Users Under 14

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

23.9.2021 | TikTok ရဲ့ Chinese Version App – Douyin တွင် အသက် ၁၄ နှစ်အောက်အသုံးပြုသူများအတွက် ကန့်သတ်ချက်အသစ်များချမှတ်ခဲ့ 

အသုံးများလျှက်ရှိနေသော popular short video app တစ်ခုဖြစ်တဲ့ TikTok ရဲ့ တရုတ် version app Douyin တွင် အသက် ၁၄ နှစ်အောက် တရုတ်နိုင်ငံသား ကလေးငယ်များကို တစ်နေ့လျှင်မိနစ် ၄၀ သာကြည့်ရှုခွင့် သတ်မှတ်ပေးလိုက်ပြီဖြစ်ကြောင်း ByteDance မှ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ကြေငြာမှုပြုလုပ်ခဲ့ပါတယ်။ 

အဆိုပါ app ရဲ့ youth mode တွင် တရုတ်နိုင်ငံမှလက်တလောထုတ်ပြန်ခဲ့တဲ့ ကလေးငယ်များရဲ့ video game များ ကြည့်ရှုဆော့ကစားမှုကို တားမြစ်ကန့်သတ်ချက်များကိုလိုက်နာသောအားဖြင့် ၁၄ နှစ်နှင့်အောက် ဆယ်ကျော်သက်များအနေနဲ့ Douyin သို့ မနက် ၆ နာရီမှ ည ၁၀ နာရီအတွင်းတွင်သာ ဝင်ရောက်ကြည့်ရှု၍ ရနိုင်တော့မှာဖြစ်ပါတယ်။ 

ဒီစည်းကမ်းချက်များကို နာမည်အမှန်ဖြင့် အကောင့်ဖွင့်လှစ်ထားတဲ့ အသက် ၁၄ နှစ်အောက်လူငယ်များအတွက် မကြာမှီတွင် စတင်၍အကျိုးသက်ရောက်မှုရှိစေတော့မှာဖြစ်ပြီး ကုမ္ပဏီမှလည်း မိဘများကို သူတို့ရဲ့ကလေးငယ်များအား app ပေါ်တွင် အကောင့်ဖွင့်ရာ၌ နာမည်အမှန်ဖြင့် အကောင့်ဖွင့်လှစ်နိုင်ရန် အကူအညီပေးကြဖို့နှင့် Youth Mode ကို ဖွင့်လှစ်ပေးထားကြဖို့ ဆော်ဩခဲ့ပါတယ်။ 

ByteDance ရဲ့ ပြောကြားချက်အရ Youth Mode ဖြင့်အသုံးပြုနေတဲ့ user များကြည့်ရှု၍ရနိုင်မည့် content များတွင် ယခုအခါ အသိပညာပေး content များဖြစ်တဲ့ - “စိတ်ဝင်စားဖွယ်ကောင်းသော သိပ္ပံစမ်းသပ်မှုများ၊ ပြတိုက်များကို ရိုက်ကူးတင်ဆက်မှုများ၊ နိုင်ငံအတွင်းရှိ လှပတဲ့ သဘာဝပတ်ဝင်းကျင်ရှုခင်းများအကြောင်းနှင့် သမိုင်းကြောင်းဆိုင်ရာ ပညာပေး video များ” အစရှိသည့် content အသစ်များလည်း ပါဝင်လာမှာဖြစ်ပါတယ်။ 

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။