Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။
TikTok ဟာ အသုံးပြုသူများအနေနဲ့ အချို့သော creator များရဲ့ profile ပေါ်မှတိုက်ရိုက် Tip ပေးနိုင်မည့် tool အသစ်တစ်မျိုးကို စတင်စမ်းသပ်မှုများကို ပြုလုပ်လျှက်ရှိနေပြီဖြစ်ကြောင်း The Verge မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။
TikTok video ဖန်တီးသူတစ်ဦးဖြစ်တဲ့ Jera Bean မှ ယခုတစ်ပတ်အတွင်း tip feature အသစ်အကြောင်း မျှဝေခဲ့တဲ့ video တစ်ပုဒ်အရ content creator များထံသို့ tip ပေးလိုက်တဲ့ ငွေပမာဏဟာ ထိုသူများထံသို့ တိုက်ရိုက်ရောက်ရှိသွားမှာဖြစ်တယ်လို့ သိရှိရပြီး TikTok မှ ဖြတ်တောက်မှုတစ်စုံတစ်ရာပြုလုပ်သွားမှာ မဟုတ်ဘူးလို့ သိရှိရပါတယ်။
အဆိုပါလုပ်ဆောင်ချက်ကို ရရှိအသုံးပြုနိုင်ခွင့်ရှိစေဖို့အတွက် အကောင့်များအနေနဲ့ TikTok ရဲ့ platform ပေါ်တွင် နာမည်ကျော်ကြားပြီးသူများဖြစ်နေဖို့လိုအပ်ပြီး follower ပေါင်း ၁၀၀,၀၀၀ နှင့်အထက်ရှိနေဖို့၊ သတ်မှတ်ထားတဲ့ အသက်အပိုင်းအခြားအတွင်းရှိနေဖို့နှင့် TikTok ရဲ့ tips နဲ့ သက်ဆိုင်တဲ့ စည်းကမ်းချက်များကို သဘောတူလိုက်နာသွားဖို့လိုအပ်မှာဖြစ်ပါတယ်။ ဒီသတ်မှတ်ချက်များအတိုင်း ပြည့်မှီတဲ့ content creator များအနေနဲ့ အဆိုပါ tool ကို အသုံးပြုခွင့်ရနိုင်ဖို့အတွက် လျှောက်ထားနိုင်မှာဖြစ်ပြီး လျှောက်ထားလာသူတိုင်းကို approve ပေး/ မပေးကိုတော့ ရှင်းရှင်းလင်းလင်း သိရှိရခြင်းမရှိသေးပါဘူး။
သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။