TikTok Announces New Licensing Arrangement with Universal Music Group

Call +95 9 959740020 now. သင်နေထိုင်ရာအနီးရှိအင်တာနက်နှင့် TV အတွက်အကောင်းဆုံးဈေးနှုန်းများကိုကူညီရှာဖွေပေးပါမယ်။

14.2.2021 | TikTok နဲ့ Universal Music Group တို့အကြား Licensing Arrangement အသစ်ချုပ်ဆိုခဲ့

TikTok ဟာ Universal Music Group နဲ့ သဘောတူညီမှုအသစ်တစ်ရပ်ကိုပြုလုပ်ခဲ့ကြောင်း ကြေငြာခဲ့ပါတယ်။ အဆိုပါသဘောတူညီချက်အရ TikTok အသုံးပြုသူများအနေနဲ့ ပိုမိုများပြားသော လိုင်စင်တင်ထားသည့် သီချင်းများကို အသုံးပြုသွားနိုင်တော့မှာဖြစ်ပြီး TikTok app နဲ့ တေးသီချင်းလုပ်ငန်းများအကြား ရင်းနှီးမှုကို ပိုမိုခိုင်မြဲလာစေမှာဖြစ်ကြောင်း socialmediatoday မှ သတင်းတစ်ပုဒ်အရ သိရှိခဲ့ရပါတယ်။

“ဒီသဘောတူညီချက်ကြောင့် TikTok အသုံးပြုသူများအနေနဲ့ တေးသီချင်းများမှတဆင့် ခံစားချက်များကို ဖော်ပြနိုင်စေဖို့ အားပေးကူညီနိုင်မှာဖြစ်သလို သူတို့နှစ်သက်တဲ့သီချင်းတွေကို သူတို့ဖန်တီးပြုလုပ်ထားတဲ့ video များတွင် ထည့်သွင်းလာနိုင်စေမှာဖြစ်ပြီး အနုပညာရှင်များကိုဝန်းရံ၍ community များတည်ဆောက်နိုင်သလို တေးသီချင်းများကို ဗဟိုပြုတဲ့ ယဉ်ကျေးမှုတစ်ရပ်ကို ပေါ်ထွန်းလာစေမှာလည်းဖြစ်ပါတယ်။”

“TikTok အသုံးပြုသူများအနေနဲ့ ယခုအခါမှာဆိုရင် UMG ရဲ့ များစွာသောတေးသီချင်းများ၊ iconic label များ၊ တေးရေးများနဲ့ global territory များတွင်ရှိတဲ့ အရာများကိုအသုံးပြု၍ video clip များတွင် ထည့်သွင်းဖန်တီး နိုင်ခွင့်ရှိလာတော့မှာလည်းဖြစ်ပါတယ်။”

သင်နေထိုင်ရာအနီးရှိ internet ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီများကို ရှာဖွေလိုက်ပါ။

သင်နေထိုင်အရာအနီးရှိ မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီများနှင့် အင်တာနက် plan များကို နှိုင်းယှဉ်ကြည့်ရှုလိုက်ပါ။